Tuesday, October 18, 2016

ကွေးညွတ်နိုင်သော Touch Screen ဖုန်းများကိုထုတ်လုပ်ဖွယ်ရှိနေတဲ့ Xiaomi



ကွေးညွတ်ပုံဒီဇိုင်းနဲ့ Smart phone များအား Xiaomi မှထုတ်လုပ်ဖွယ်
ရှိတယ်လို့သိရပါတယ်။ Samsung , LG , Lenovo smart phone
များနည်းတူ ကွေးညွတ်နိုင်တဲ့ Touch screen ပါဖုန်းများကို ထုတ်လုပ်နိုင်ရန်
ကြိုးစားနေတဲ့ Xiaomi ရဲ့ Prototype အကြိုထုတ်ကုန်ရဲ့ပုံစံဟာ အွန်လိုင်းမှာ ပေါက်ကြားလာခဲ့တာပါ။

ဒီဗီဒီယိုကို ပြီးခဲ့တဲ့အပတ်လောက်ကတည်းက အွန်လိုင်းမှာ တင်ခဲ့တာဖြစ်ပြီး တကယ် Xiaomi ရဲ့ ထုတ်ကုန်ဖြစ်နိုင်ခြေရှိနေပါတယ်။ စက္ကန့်၃၀ကြာမြင့်တဲ့ ဗီဒီယိုအနေဟာ တရုတ် ဗီဒီယိုမီဒီယာတစ်ခုကနေ ထွက်ပေါ်လာခဲ့တာပါ။ ကွေးညွတ်မျက်နှာပြင်ပါဝင်မယ့် ဖုန်းတွေဟာ အနာဂါတ်ရဲ့ စမတ်ဖုန်းတွေမှာ ပါဝင်လာတော့မယ့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ပြောင်းလဲလာနိုင်ပြီး Bloomberg ရဲ့ဒီနှစ်အစောပိုင်း သတင်းတစ်ရပ်အရ Samsung အနေနဲ့ ကွေးညွတ်နိုင်တဲ့ OLED မျက်နှာပြင်ပါဝင်မယ့် ဖုန်းအမျိုးအစားသစ်နှစ်မျိုးကို လာမယ့် ၂၀၁၇ခုနှစ်မှာ ထုတ်လုပ်ဖို့ရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီအထဲက မော်ဒယ်တစ်ခုဟာ တစ်ဝက်အထိ ခေါက်ချိုးနိုင်ပြီး နောက်တစ်ခုကတော့ မျက်နှာပြင်အကျယ် ၅လက်မပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ video ဖိုင်လေးနဲ့လေ့လာလိုရင်တော့ အောက်ကလင့်ကနေဝင်ရောက်လေ့လာနိုင်ပါတယ်။


------- Visit to Video file Link -------

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes