Friday, October 7, 2016

MIUI 8 မှာ screenshot အရှည် ဘယ်လိုရိုက်မလဲ



Xiaomi Device များရဲ့ MIUI 8 မှာ Screenshot အရှည်ရိုက်နည်းလေးကို
ပြန်လည်မျှဝေပေးလိုက်ပါတယ်။ MIUI သမားတွေအတွက်တော့ နည်းတစ်ခုသိရပြီး
ဗဟုသုတလည်း ရစေပါတယ်။ လေ့လာကြည့်လိုက်ရအောင်


အဆင့် (၁) – ကိုယ် screenshot ရိုက်ချင်တဲ့ စာမျက်နှာ (သို့မဟုတ်) ပုံကို သွားပါ။
အဆင့် (၂) – ကိုယ်လိုချင်တဲ့အပေါ်ဆုံးနေရာမှာ သာမန်အတိုင်း အသံတိုးတဲ့ခလုတ် (-) နဲ့ ၊ ပါဝါခလုတ်တို့ကို တစ်ပြိုင်တည်းနှိပ်လိုက်ပါ။
အဆင့် (၃) – ဖုန်းကနေ သာမန် screenshot တစ်ခု အလိုလိုရိုက်သွားမှာဖြစ်ပြီး၊ ဖုန်းရဲ့ ညာဘက်ထောင့်လေးမှာ ပေါ်လာမှာဖြစ်ပါတယ်။ ငါးစက္ကန့်အတွင်း အဲဒီ screenshot ပုံကို နှိပ်လိုက်ပါ။ ငါးစက္ကန့်ကျော်ရင်တော့ သာမန် screenshot အနေနဲ့ပဲ သိမ်းပေးသွားမှာဖြစ်ပါတယ်။
အဆင့် (၄) ဒီနေရာမှာ “Scroll” ၊ “Send” ၊ “Edit” နဲ့ “Delete” ဆိုပြီး၊ ရွေးစရာလေးခုပေါ်လာမှာပါ။ “Scroll” ဆိုတာနှိပ်လိုက်ပါ။
အဆင့် (၅) “Scroll” နှိပ်လိုက်တာနဲ့ ကိုယ်ရိုက်ထားတဲ့နေရာကနေ အောက်ကို အလိုလိုဆွဲချပေးသွားမှာဖြစ်ပြီး၊ ကိုယ်ရပ်ချင်တဲ့နေရာရောက်ရင် “Done” ကို နှိပ်လိုက်ပါ။ ကိုယ့်လက်နဲ့လည်း ကိုယ်တိုင် scroll ဆွဲချလို့ရပါတယ်။
အဆင့် (၆) အခုဆိုရင်တော့ “Long Screenshot” ရိုက်ပြီးပြီဖြစ်ပြီး၊ ဒီနေရာမှာလည်း Edit ထပ်လုပ်နိုင်ပါတယ်။ ပြီးရင် သင့်ဖုန်း Gallery ထဲက Screenshot အယ်လ်ဘမ်ထဲမှာ ပြန်သွားကြည့်နိုင်ပါတယ်။
#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes