Android စမတ်ဖုန်းများမှာ ခုနောက်ပိုင်းထွက်တဲ့ဖုန်းတွေလို့ပြောရပါမယ်။
နောက်ပိုင်းမှာ user တွေအနေနဲ့လည်း နောက်ပိုင်းမှာ gmail account ကိုလွယ်ကူ
စွာဖွင့်လို့ရနေတဲ့အပြင် online game များဆော့ကစားရာမှာလည်း gmail ကိုအသုံးပြု
ကြပါတယ်။ ဒီလိုအသုံးပြုတဲ့အခါမှာ အချို့ဆို gmail ကိုနှစ်ကောင့်သုံးကောင့်လောက်
ဖွင့်ပြီးသုံးကြပါတယ်။ အဲလိုအသုံးပြု ပြီး အကြောင်းအမျိုးမျိုးကြောင့် Factory reset ချတဲ့အချိန်
မှာ စတော့တာပါပဲ။ Factory reset ချပြီးလို့ပြန်တက်လာတဲ့အခါမှာ activate လုပ်ခိုင်းပါတယ်။
activate လုပ်ခိုင်းတဲ့အချိန်မှာ ဖုန်းကနေသုံးစွဲသူတွေရဲ့ အသုံးပြုထားတဲ့ gmail account နဲ့
password ပြန်တောင်းပါတယ်။ အဲဒီအခါမှာ အသုံးပြုထားတဲ့ gmail account နဲ့ password
ကိုသိရင်အကြောင်းမဟုတ်ပါဘူး။ မသိတဲ့အခါမှာတော့ ပြန်လည်ဖြေရှင်းနိုင်ရန် နည်းလမ်းတွေရှိပေမဲ့
user တွေအနေနဲ့ပြုလုပ်နိုင်ရန် အခက်အခဲရှိတာကြောင့် FRP lock မကျစေရန် မိမိအသုံးပြုတဲ့
gmail account နဲ့ password များကိုသေချာမှတ်ထားပြီး ဖုန်းရဲ့ Setting >> Developer
option >> Enable OEM Unlock ဆိုတာလေးကို on ပေးထားပါလို့အသိပေးလိုက်ပါတယ်။
refer - Ko Htoo
Today's Mobile Training & Service center
0 comments:
Post a Comment