Tuesday, October 11, 2016

Samsung မှ Galaxy Note 7 အားထုတ်လုပ်မှု့ကို ရပ်ဆိုင်းလိုက်ပြီး User များအားလုံးဝအသုံးမပြုရန် သတိပေး



Samsung ဟာသူတို့ရဲ့ Galaxy Note 7 ကိုမျှော်လင့်ချက်တွေအများကြီးထားထားပေမဲ့
အခုချိန်မှာတော့ သူတို့အနေနဲ့ Galaxy Note 7 ကိုထပ်မံထုတ်လုပ်မှု့ကိုရပ်ဆိုင်းလိုက်ပြီ
ဖြစ်တဲ့အပြင် User တွေအနေနဲ့လည်း Galaxy Note 7 အားလုံးဝအသုံးမပြုကြစေရန်
သတိပေးကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ဘာကြောင့်ဒီလိုပြုလုပ်ရလည်းဆိုတာ
ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ပေါက်ကွဲမှု့ပြသနာကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် Samsung ဟာ ရှင်းမရနိုင်အောင် ရှုပ်ထွေးနေတဲ့ Galaxy Note 7 ဖုန်း အရှုပ်တော်ပုံကို လတ်တလော ဖြေရှင်းတဲ့အနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ ညနေပိုင်းလောက်တုန်းက သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ပြီး သုံးစွဲသူတွေအနေနဲ့ Original Note 7 ဖုန်းတွေ၊ လဲလှယ်ပြီးဖုန်းတွေအကုန်လုံးကို လတ်တလောမှာ အသုံးမပြုပဲ ပါဝါပိတ်ထားဖို့အတွက် တောင်းဆိုခဲ့တာဖြစ်ပါတယ်။ \အဲ့ဒီအပြင် ဒီနေ့က စတင်ပြီး Note 7 ဖုန်းရောင်းချမှုတွေကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။ အဆိုပါသတင်းကတော့ မနေ့ကတည်းကရင်း သတင်းတွေက အခိုင်အမာ ပြောကြားနေခဲ့ကြတာဖြစ်ပြီး ယခုမှ တရားဝင်အနေနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။
တောင်ကိုးရီးယား အာဏာပိုင်တွေအနေနဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ Note 7 ဖုန်းတွေဟာလည်း အခုလို ဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရကြောင်း ပြောကြားခဲ့ပြီး ဘယ်လိုမျိုး ဆိုးကျိုးတွေဖြစ်ပေါ်ခဲ့တယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ Samsung ရဲ့ ရှယ်ယာတွေဟာလည်း ဒီအင်္ဂါနေ့မှာ ၇.၅ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး တန်ဖိုး ဒေါ်လာ ၁၈သန်းခန့် တန်ကြေးရှိခဲ့ပါတယ်။ ဒီလိုရှယ်ယာဈေးနှုန်းကျဆင်းမှုဟာ ပြီးခဲ့တဲ့ ၂၀၀၈ကတည်းကဆိုရင် နေစဉ်ရှယ်ယာဈေးနှုန်း အနိမ့်ဆုံးအဖြစ် ကျဆင်းသွားတာပါ။ အမေရိကန်စားသုံးသူကာကွယ်ရေး ကော်မရှင်ဟာလည်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ရက်ကတည်းက ဖြစ်ပွားခဲ့တဲ့ ဖုန်းပေါက်ကွဲမှု ၅မှုကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့ပါတယ်။
#refer

Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes