Friday, October 14, 2016

Note 7 အပြာရောင်အစား S7 Edge အပြာရောင်ကို အမေရိကန်တွင်ရောင်းချရန်ပြင်ဆင်နေ



Note 7 ရောင်းချမှုကိုရပ်တန့်လိုက်ရပြီဖြစ်သော Samsung သည် Samsung Company အတွက် Note 7 ပြီးလျှင်ဒုတိယအကောင်းဆုံးဖြစ်သော S7 edge ကိုပဲရောင်းအားမြှင့်တင်မှုများပြုလုပ်ရမည့်အနေအထားဖြစ်နေသည်။ ယခုအခါ အမေရိကန်မိုဘိုင်းအော်ပရေတာတစ်ခုဖြစ်သော Verizon နာမည်ပါဝင်သည့် အပြာနုရောင် S7 edge များကိုအမြန်ဆုံးစတင်ရောင်းချရန်ပြင်ဆင်နေကြောင်းသိရသည်။

ပုံမှန်အားဖြင့်တော့ Samsung ဟာ S7 edge ကိုအရောင်သစ်ဖြင့်ထပ်မံထုတ်လုပ်ဖို့အစီအစဉ်မရှိတော့သလောက်ပါပဲ။ ဒါပေမယ့် လတ်တလောဖြစ်ပျက်သွားတဲ့ Note 7 အဖြစ်အပျက်ကြောင့် ဈေးကွက်ထဲမှာရောင်းချထားတာအနည်းငယ်ကြာမြင့်နေပြီဖြစ်တဲ့ S7 edge ကိုပဲရောင်းအားမြှင့်တင်ဖို့ကြိုးပမ်းလာဟန်တူပါတယ်။ အရောင်အပြင် အတွင်းပိုင်းအစိတ်အပိုင်းတွေကိုရောမြှင့်တင်မှုများပြုလုပ်ထားမထားကိုတော့ သေချာမသိရသေးပါဘူး ။ သင်ရောဘယ်လိုထင်ပါသလဲ ။ ယခုအရောင်သစ်ဖြင့် S7 edge ဟာ Samsung ရဲ့ စမတ်ဖုန်းရောင်းအားကိုပြန်လည်မြှင့်တင်ပေးနိုင်မယ်လို့ယူဆပါသလား။

refer - mmas



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes