Sunday, October 30, 2016

Samsung မှ Galaxy S8 ကိုပိုမိုကောင်းမွန်သော AI ဖြင့်ထုတ်လုပ်မည်



Samsung ဟာသူတို့ရဲ့ Galaxy Note 7 ကြောင့် ဂုဏ်သိက္ခာပိုင်းမှာရော
ငွေကြေးအရပါ ဆုံးရှုံးမှု့များနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့သူတို့ရဲ့ ထုတ်လုပ်မှု့အရှိန်အဟုန်ဟာ
မရပ်တန့်ခဲ့ပါဘူး။ Samsung ရဲ့ မိုဘိုင်းဆက်သွယ်ရေး ဒုတိယဥက္ကဌဖြစ်သူ Lee Kyeong-tae ရဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။ အသိဥာဏ်တုနဲ့ပတ်သတ်ပြီး တိတိကျကျတော့ ပြောမသွားခဲ့ပါဘူး။ ဒါပေမဲ့လည်း natural language ကို တုံ့ပြန်ပေးနိုင်တဲ့ voice-guided assistant ကိုတည်ဆောက်ဖို့အတွက် acquisition of Viv ကို အားသုံးလုပ်ဆောင်နေပါတယ်။

Viv ကို လုပ်ဆောင်ချက်အသစ်တွေအတွက် ကိုယ်ပိုင်ကုတ်တွေကိုရေးသားနိုင်စွမ်းရှိတဲ့ next-generation assistant အဖြစ် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Viv functions တွေဘယ်လိုရှိသလဲဆိုတာ သိဖို့အတွက် ဒီပြသမှုလေးကို ကြည့်သင့်ပါတယ်။


------- Video ဖိုင်အား ဝင်ရောက်ကြည့်ရှု့ရန် -------


Samsung ဟာ အခု Viv’s service တွေကို သူ့ရဲ့ home appliances ၊ wearables နဲ့ အခြားထုတ်ကုန်တွေမှာ ထည့်သွင်းသွားနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။

Samsung ဟာ viv နဲ့အတူ သုံးစွဲသူတွေကို ရိုးရှင်းတဲ့ UI ၊ သုံးစွဲသူနားလည်လွယ်ခြင်း၊ အသင့်တော်ဆုံးနဲ့ အဆင်ပြေဆုံး အကြံဥာဏ်တွေ၊ ထောက်ခံချက်တွေ ပေးနိုင်မယ်လို့ ထင်ထားပါတယ်။ Viv ဟာ သုံးစွဲသူအတွက်ရော Developer တွေအတွက်ပါ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ အဲဒီလိုနှစ်ခုအတွက် ရည်ရွယ်ထားခြင်းဟာ Samsung home appliances ၊ wearable တွေနဲ့ ပေါင်းစပ်ဖို့ ကျွန်တော်တို့ကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။ အသိဥာဏ်တုနဲ့ အသံထိန်းချုပ်မှုနည်းပညာတွေ တိုးတက်လာမှုအပေါ် ကျွန်တော်တို့တွေ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကိုပါ တွေးမိလာစေပါတယ်။ Galaxy S8 ကတော့ မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ လက်ဗွေရာစနစ်ဖြစ်တဲ့ offer optical fingerprint recognition ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပါတယ်။ Samsung ကတော့ နောက်နှစ် ဖေဖော်ဝါရီမှာကျင်းပမယ့် Mobile World Congress 2017 အမီ ဖုန်းကို ပြသနိုင်ဖို့ မျှော်လင့်ထားပါတယ်။

refer - mmas




Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes