Wednesday, October 5, 2016

Qualcommm Phone များ Rom 0 backup လုပ်နည်း နဲ့Restore လုပ်နည်း အမျိုးမျိုး


service သမားများအတွက် နည်းလမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။
Qualcommm Phone များ Rom 0 backup လုပ်နည်း နဲ့Restore လုပ်နည်း အမျိုးမျိုးကို
တင်ပေးလိုက်ပါတယ်။ လေ့လာကြည့်လိုက်ရအောင်

1.9006 mode ၀င်ရပါမယ် 9006 mode ၀င်ဖို့ရာ 9008 mode အရင်ဝင်ရပါမယ် ၀င်နည်းအမျိုးမျိုးရှိပါတယ်….
2.phone မှာ power ပွင့်နေသေးရင်
အရင်ဦးဆုံး မိမိရဲ့ဖုန်းကို adb သိအောင် Settings >> Developer Options >> enable USB Debugging ကို on ပေးထားရပါမည်။ ပြီးရင် အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။
http://d-h.st/ptno ဒေါင်းပြီးရင် zip ဖြည့်ပြီး cmd.exe ဖိုင်လေးကို ဖွင့်လိုက်ပါ။ adb devices လို့ ရိုက်ပါ။ device သိသွားရင် adb reboot edl လို့ ရိုက်လိုက်ပါ။ မိမိရဲ့ဖုန်းက reboot ကျသွားပြီး black screen ဖြစ်သွားပါလိမ့်မည်။
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
recovery modeမှ command နဲ့ edl mode ၀င်နည်း
————————————————–
PHONE ကို recovery ၀င်ပြီး usb ချိတ် adb reboot edl လို့ရိုက်လိုက်ရင် reboot ကျ 9008 mode ရောက်
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
fastboot mode မှ bat file နဲ့ edl mode ၀င်နည်း
—————————————-
ပထမဦးဆုံး မိမိရဲ့ ဖုန်းကို fastboot mode ၀င်လိုက်ပါ။ fastboot mode ၀င်နည်း အစားစား ရှိပါသည်။ အသုံးအများဆုံးကတော့ မိမိရဲ့ဖုန်းကို ပါဝါပိတ်ပြီး vol down + power ဖြစ်ပါသည်။
vol down + power ကို တွဲနှိပ်လိုက်တာနဲ့် fastboot mode ၀င်သွားရင် အောက်က ဖိုင်လေးကို ဒေါင်းလိုက်ပါ။
http://d-h.st/f9SB ဒေါင်းပြီးရင် zip ဖြည့်လိုက်ပါ။ ပြီးရင် ကြိုးထိုးပြီး zip ဖြည့်ထားတဲ့ ဖိုင်လေးထဲက Reboot ကို နှိပ်လိုက်တာနဲ့ မိမိရဲ့ဖုန်းက black screen ဖြစ်သွားရင် edl mode ၀င်သွားပါသည်။
ဒီနည်းကတော့ fastboot.exe ဖိုင်လေးကို edit လုပ်ပြီး fastboot ကနေ ၀င်လို့ရအောင် ပြုလုပ်ထားခြင်း ဖြစ်ပါသည်။
Reboot ကို မနှိပ်ချင်ရင်လည်း command box လေး ခေါ်ပြီး
fastboot reboot-edl လို့ရိုက်ပြီး enter ခေါက်လိုက်တာနဲ့ edl mode ၀င်သွားပါမည်။
Vol Key များနှင့် edl mode ၀င်နည်း
—————————————-
နံပတ် ၁
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို နှိပ်ပြီး ကြိုးထိုးလိုက်တာနဲ့ မိမိရဲ့ ဖုန်းဟာ Vibrate တစ်ချက်တုန်သွားပါလိမ့်မည်။
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
ဒါဆိုရင်လည်း edl mode ၀င်သွားပါပြီ။
နံပတ် ၂
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol up + vol down ကို ဖိထားပြီး power ကို တစ်ချက်ဖိလိုက်ပါ။ Vibrate တစ်ချက် တုန်သွားပါလိမ့်မည်။ပြီးရင် ဖိထားသော လက်များကို အားလုံး လွှတ်ပေးလိုက်ပါ။
Vibration တုန်တာနဲ့ တန်းလွှတ်ရမည် ဖြစ်ပါသည်။ Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
နံပတ် ၃
မိမိရဲ့ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် vol dwn + power ကို ဖိထားပါ။ logo တက်လာပါလိမ့်မည်။ 3second လောက် ထပ်ဖိထားပါ။
ပြီးရင် ဖိထားသော လက်များကို လွှတ်ပေးလိုက်ပါ။
PCBA Test , MMI Test , Audio Test , Sensor Test , Hardware Info , fastboot , recovery , download , English , Power off function တွေ တက်လာပါလိမ့်မည်။
အဲ့ဒီအထဲကမှ download ကို ရွေးပေးလိုက်ပါ။ black screen ဖြစ်သွားပါလိမ့်မည်။
Device Manager >> Ports ( COM & LPT) မှာလည်း “Qualcomm HS-USB QDLoader 9008.” ဆိုပြီး သွားပေါ်နေပါလိမ့်မည်။
qpst နဲ့ ၀င်နည်း(၁)
…………………….
PHONE ကို 9008 mode မှာထားပါ။
1.saraha.xml. MPEG8xxx.mbn
2.8xxx_msimage.mbn
3.rawprogram.xml
4.patch0.xml(folder တစ်ခုထဲမှာထားပါ။)
qpst မှာ saraha.xml , rawprogram.xml , patch0.xml ကိုရွေးပေးပြီး
download ကိုနှိပ်လိုက်ရင် mmc storage (9006) mode ၀င်သွားမှာပါ…(emmcswdownload.exe ကိုဖွင့်ပါ
Programming Mode
Sahara XML File(for devices that use Sahara to load the flash programmer)
နေရာမှာ Qualcomm Project ဖိုင်ထဲက Sahara.xml ဖိုင်ကိုရွေးပေးပါ
Browse နေရာမှာ port သိမသိကြည့်ပါ
Load XML def နေရာမှာ rawprogram_unsparse.xml ဖိုင်ကိုရွေးပေးပါ
Load Patch def နေရာမှာ patch0.xml ကိုရွေးပေးပါ
Search patch 2 နေရာမှာ Qualcomm Project Folder ကိုရွေးပေးပါ
ပြီးရင် Download ကိုနှိပ်ပါ
MyCOMPUTER > Device Manager မှာ
qualcomm hs usb qdloader 9008 mode အနေထားကနေ
Disk drives နေရာမှာ
mmc storage အနေအထားနဲ့ တက်လာပါလိမ့်မယ်
ဒါကတော့ CPU ကနေတစ်ဆင့် EMMC ကို လှမ်းခိုင်းတာပါ
ဒီအဆင့်ကိုရောက်မှ ကျနော်တို့ block zero emmc ဖိုင်ကို
တိုက်ရိုက် ထည့်လို့ရမဲ့ အဆင့်ကိုရောက်တာပါ
mmc storage mode ရောက်ပါပြီ(Program MMC devices မှာ အမှန်ခြစ်ဖြုတ်ပါ။မဟုတ်ရင် 9006 mode ရောက်ပြီး
ခဏနေပြန်ပြန်ထွက်သွားတာတွေဖြစ်ပါလိမ့်မယ်။ ဖုန်းကို 9008 mode ကိုဝင်ပါ။ ပြီးသွားရင် browse ကိုတစ်ချက်နှိပ်ပြီးPHONE com port ကိုရွေးပါ။ရပီဆိုရင် download ကိုနှိပ်လိုက်ပါ။ 9006 mode ကိုဝင်သွားပါလိမ့်မယ်။)
2. Qualcomm HSUSB Qdloader Mode (9008)
ဒီ mode မှာကPHONE power မပွင့်တော့ပါဘူး ဒီmode မှာက protocol နှစ်မျိုးရှိပါတယ်
Saraha protocol ကို support ပေးတဲ့ phone နဲ့ firehose protocol support ပေးတဲ့ phone နှစ်မျိုးရှိပါတယ်. Saraha Protocol ပေးရင် saraha protocol Tool့  ။
Firehose ပေးရင် Firehose့  ။ Firehose က saraha ရဲ့ upgrade ပါ ။
1. MMC Storage ၀င်ဖို့ လိုအပ်တဲ့ sw လေး ( Huawei_Qualcomm_Platform_Bootloader-Fastboot_Multi-Download)
2. MMC Storage Mode 9006 ၀င် ဖို့ QDLoader 9008 Mode ကိုအရင်ဝင်ပါ
3.PHONE က Firmware တက်နေသေးတယ်ဆိုရင် ၀င်နည်းတစ်မျိုးမျိုးနဲ့ဝင်ကြည့်ပါ
4. 9006 Mode ရောက်ပြီးဆိုရင် အထက်ကဒေါင်းထားတဲ့အထဲက MMC Storage Mode change TOOL Folder ထဲက QPBLFBML01.exe ကို Run ပါ
QPBLFBML01.exe Software က window 7 64bit, window 8 64bit, window 10 64bit မှာ Error တက်ပါတယ် Error မတက်ချင်လျင် Microsoft C++ Software သွင်းပေးလိုက်ရင်အဆင်ပြေလိမ့်မယ်
5. QPBLFBML01.exe ဖွင့်ပြီးပြီဆိုရင် Maufacture ရွေးပြီး Next နိုပ်ပါ ပြီးရင် Firmware ဖိုင်ခေါ်ပါ New Password မှာ 123 ရိုက်ပါ
Download ဆွဲထားတဲ့ folder ထဲက MSM8x10 Folder အောက်က MSM8610V100R001C00B001.xml ဖိုင်လေးကို Click ပြီး Open နိုပ်ပါ ပြီးရင် Next နိုပ်ပါ Scan&Download ကိုဆက်နိုပ်ပါ
6.PHONE မှာ QDLoader 9008 Mode ၀င်ပြီးသား ဆိုရင် 1% ဆိုပြီး စRun နေပါလိမ့်မည် 40% ရောက်လျင် Reboot Device ဆိုပြီး MMC Storage Mode 9006 ကိုရောက်သွားပါပြီ
QPST နဲ့ဝင်နည်း(၂)
……………………..
C:\Program Files\Qualcomm\QPST\bin ထဲက emmcswdownload.exe ကို Run as administrator နဲ့ဖွင့်လိုက်
ပုံမှာ ပြထားတဲ့အတိုင်း 1 မှာ rawprogram0.xml ကိုရွေးမယ်
အဲဒီဖိုင်က cpu တူတဲ့ firmware ထဲကယူလိုက်
cpu တူပြီဆို အိုကေပြီ
(8x25cpu file)
8x25_cpu.zip 294.67 KB
http://d-h.st/vwIa
https://userscloud.com/yrvv92w6xqdy
8X25_msimage.mbn
EBR0.bin
MPRG8X25.hex
patch0.xml
rawprogram0.xml
အာ့လေးတွေ ကော်ပီကူးပြီ folder အလွတ်ထဲစုထည့်ထားလိုက်ပါ
8×25 cpu လို့နာမည်ပေးထားတယ် 8×25 cpu တိုင်းသုံးလို့အဆင်ပြေမယ်လို့ ယူဆတယ်
အိုကေ ပြန်စမယ်
ပုံမှာ ပြထားတဲ့အတိုင်း ၁ မှာ rawprogram0.xml ကိုရွေးမယ်
၂ မှာ 8X25_msimage.mbn လို့နာမည်ပြောင်းမယ် copy ကူးထားတဲ
ဖိုဒါထဲကနာမည်လေးအတိုင်းပေါ့
၃ မှာ MPRG8X25.hex လို့ပြောင်းမယ်
၎ မှာ load xml def ကိုနှိပ်ပြီး patch0.xml ကိုရွေးပေးရမယ်
၈ မှာက 8x25cpu folder ထားတဲ့နေရာကိုရွေးမယ်
အိုကေ ဖုန်းကိုကြိုးထိုးထားနော် device manager မှာ ဒရိုင်ဘာ သိနေပစေ
၅ က download ကိုနှိပ်လိုက် ဟိုစာသားပြ ဒီစာသားပြနဲ့ ခနနေရင် သူ့ဘာသာသူ
၆ မှာပြထားသလို mmc storage mode( Qualcomm HS-USB Diagnostics 9006) mode ကို ၀င်သွားလိမ့်မယ်
MMC Storage Mode change TOOL နဲ့ဝင်နည်း
……………………………………………………..
Board firmware တင်နည်းနဲ့အတူတူပါဘဲ
ံHaweiSMARTPHONE multidownload software ဖွင့် manufacture ရွေးပြီး next နှိပ်ပါပြီးရင် firmware ဖိုင်ခေါ်ပေါ့ xml file တစ်ခုဘဲပါလာတာလေးရွေးပေးပါ (MSM8916V100R001C00B001)
password တောင်းရင်ကြိုက်တာပေးလိုကပေါ့ နောက်open ..next ပြီးတော့ scan & download နှိပ် ထားလိုက်ပါ 9008 mode ၀င် ကြိုးထိုး 0k 40% မှာရပ်သွားပြီးရင် reboot ကျ 9006 mode ရောက်ရော
box (သို့) box creck တွေနဲ့လည်းဝင်လို့ရပါသေးတယ်
့ Xiaomi Jig နဲ့ edl mode ကိုဝင်ပါ.
ဒါမှမရရင်တော့ test point ထောက်ပြီးဝင်ပါ..
ကဲဝင်နည်းပြီးပါပြီQualcomm MMC Storage Mode(9006 mode)…………..
Backup ထုတ်နည်း..
……………………..
driver လို့ မယ်
ပထမဆုံးအနေနဲ့
driver signature check ကို disable လုပ်ရတယ်
COMPUTER မှ Window Key ကို နှိပ်ပါ ။ search တွင် cmd လို့ရိုက်ပါ ။ cmd.exe ကို Right Click နှိပ်ပြီး Run as Administrator ဖြင့် Run ပါ ။ အောက်ပါ command ကို
တစ်ကြောင်းရိုက် ပြီးတိုင်း Enter တစ်ချက်နှိပ်ပါ ။
bcdedit.exe /set nointegritychecks OFF
bcdedit.exe -set loadoptions DISABLE_INTEGRITY_CHECKS
bcdedit.exe -set TESTSIGNING ON
ပြီးလျှင် Restart ချပေးပါ ၊ ပြန်ပွင့်လာလျှင် Driver Signature Check ကို Permently ဖြုတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
ထုတ်နည်းကတော့အများကြီးပါ comment နဲ့ရယ် tool နဲ့ရယ်ပြပါမယ်
1.comment နဲ့ထုတ်နည်း
PHONE ကို computer နဲ့ချိတ် adb သိပြီဆိုရင် command box မှာ အောက်ကအတိုင်းရိုက်..(root တော့ရှိရမယ်)
adb shell
su
dd if=/dev/block/mmcblk0 of=/storage/sdcard1/backup.img
Memory card ထည့်ထား ပါ ဖုန်းပေါ်မူတည်ပြီး 8GB 16GB လောက်ပေါ့ memory card ထဲကို backup.img ဆိုပြီးးရောက်သွားလိမ့်မယ် memory cardထဲမရောက်ပဲ Internal ထဲရောက်ပြီး
not enough space ဖြစ်ခဲ့ရင်
dd if=/dev/block/mmcblk0 of=/storage/sdcard0/backup.img
sdcard1 ကို sdcard0 လို့ပြောင်းရိုက်လိုက်
အိုကေ emmc raw tool ကနေ ပြန်ရေးဖို့ backup.img လေးရပါပြီ
2.tool နဲ့ထုတ်နည်း..
1.ANDROID EMMC Folder ကိုဖွင့်ပါ Android eMMC.exe ကို Run ပါ
2. Software ပွင့်လာရင် ညာဖက်ထောင့်နားလေးက CheckPHONE ဆိုတာလေးကို နိုပ်ပါ
Scanning for devices …
Android device found.
Android serial number : ?
ROOT STATUS : Phone are rooted you are ready to go.
Checking tools …
SU VERSION : 3.61:kinguser_su
BUSYBOX VERSION : 1.23.1-Stericson
Done.
ဒါမျိုးလေးပေါ်လာရင် Backup စတင် ရိုက်လို့ရပါပြီ
3 Qualcomm_Image_Backup_Toolkit
အဒီtoolနဲ့လည်းထုတ်လို့ရပါတယ်
၅။ Option menu မှာ Block Mode ကိုအမှန်ခြစ်ပါ ပေါ်နားက Block menu လေးက မှိန်နေရာကနေ လင်းလာတာလေးတွေ့ရပါလိမ်မည်
၆။ Action menu မှာ ကိုSAVE ချင်တဲ့နေရာ ရွေးပါ
mmkcblk0 ကစပြီး mmkcblk1p1 ထိတစ်ဖိုင်ခြင်းရိုက်ထုတ်ပါ
Qualcommm backup ထုတ်ခြင်းပြီးပါပြီ…
ုMMC Storage 9006 Firmware Restore & Qualcommm block 0 ကို restore လုပ်ခြင်း
…………………………………………………………………………………………………..
၁။ EMMCRAW.exe ကိုဖွင့်ပါ့  ဖုန်းကို MMC Storage ၀င်နေတဲ့အနေအထားမှာ ကြိုးထိုးပါ Drive menu မှာ Refresh ကိုနိုပ်ပါ
Description = Disk drive
Manufacturer = (Standard disk drives)
MediaType = External hard disk media
Model = Qualcomm MMC Storage USB Device
Size = 3909091328 Bytes
ဒီလိုမျိုးလေးပေါ်နေရင်တော့ Restore လုပ်နိုင်ပါပြီ
၂။ Write menu မှ browser ကိုနိုပ်ပြီး မိမိ backup ထုတ်ထားသော နေရာမှ mmkcblk0 ကိုခေါ်ပေးလိုက်ပါ
၃။ Load Partition Structure ကိုနိုပ်ပါ ဖိုင်မှားခေါ်ရင်တော့ Error တက်ပါလိမ့်မည် ဖိုင်အမှန်ခေါ်ရင်တော့ ဘေးမှာ Partition အခန်းတွေကြလာပါလိမ့်မည်
၎။ Write Select Partition ကိုနိုပ်ပြီး Firmware တင်နိုင်ပါပြီ…
emmc raw tool ကိုအသုံးပြုသူတွေအတွက်
==========================
browse ကိုနှိပ်ပါ။ read partitions ကိုနှိပ်ပါ။ပြီးသွားရင် write full image ကိုနှိပ်ပါ။
hdd raw tool ကိုအသုံးပြုသူတွေအတွက်
==========================
double click နှိပ်ပြီး image file ကိုရွေးပါ။ပြီးသွားရင် GPT Disk ကိုရွေးပေးပါ။
ပြီးပါပြီ။
Credit to All

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes