Tuesday, October 11, 2016

Huawei ဖုန်းများ dload နဲ့ firmware တင်ခြင်းနှင့်ပတ်သတ်ပြီး



Huawei ဖုန်းများအား dload နဲ့ Firmware တင်ခြင်းနှင့်ပတ်သတ်ပြီး
dload ကိုဘယ်လိုထပ်လုပ်နိုင်လည်း firmware တင်တဲ့အခါမှာ ဘယ်လိုအကြောင်းကြောင့်
firmware မကိုက်လည်းဆိုတာကို လေ့လာကြည့်လိုက်ရအောင်

Dload အောက်မှာ
UPDATE.APP ရယ် update.APP ရယ် update.zip ရယ်
update.APP က update.zip နဲအတူတူပါဘဲ
.APP ကို ဖျက်ပြီး .zip လိုပြောင်းသုံးလိုရပါတယ်
Recovery ကနေ တင်တာဖြစ်ဖြစ် - adb Sideload ကနေတင်တာဖြစ်ဖြစ်
အသုံးပြုလိုရပါတယ်
UPDATE.APP ကတော့
Huawei Multiloader Tool နဲတင်ကြတယ် SD Card နဲတင်ကြတယ်
ဘယ်လိုဘဲတင်တင် UTC Date တွေကို သေချာစစ်ဆေးဖို့လိုပါတယ်
UTC Date က ဘာလည်း Universal Time Coordinated ပါ
UTC Date မတူရင်ဘာတွေဖြစ်မလည်း
Touch ဆွဲလို့မရတာ၊ Screen ဖွေးနေတာ၊ Screen မည်းနေတာ အစရှိတဲ့
ပြသာနာတွေဖြစ်တတ်ပါတယ်
ဖုန်းရဲ့ Build Number တွေကို ဘယ်လိုကြည့်မလည်း
ဖုန်းကောင်းသေးတယ်ဆိုရင် Setting ထဲက About ထဲမှာ Build Number ဆိုတာလေးရှိပါတယ်
Logo လည်နေရင်ကော်ဗျ
adb pull /system/build.prop xda.prop ဆိုပြီး Recovery ကနေ
Build Prop ကိုထုတ်ပြီး အောက်ဆုံးမှာ Build Number လေးရှိနေပါတယ်
adb ကနေ ကော်ဗျ adb shell getprop ro.build.date.utc လိုရိုက်ထုတ်ပါ
G730U00_V100R001_CHNC17_B151
G7300 U00 က Model ပါ
V100R001 နောက်က CHNC17 ဆိုတာက Region Code ပါ
B151 ကတော့ ဖုန်းရဲ့ BuildNumber ကိုဆိုလိုပါတယ်

refer - Ye Htut Naung


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes