Tuesday, October 4, 2016

ဓာတ်ပုံ နှင့် ကင်မရာပိုင်းမှာ Feature အသစ်တွေပါဝင်လာတဲ့ Whatsapp Update


Whatsapp ရဲ့ Feature အသစ်အဖြစ် Snapchat မှာလိုမျိုး ပုံတွေ ပေါ်မှာ Sticker တွေနဲ့ စာတွေ ရေးပြီး ပို့လို့ရပြီဖြစ်ပါတယ် ။ နောက်ဆုံးထွက်ရှိလာတဲ့ Whatsapp Version အသစ်မှာ ဒီ Feature အသစ်ကို ထည့်သွင်းပေးလိုက်တာဖြစ်ပြီး ဖုန်းရဲ့ Gallary ထဲက ဓာတ်ပုံတွေကိုဖြစ်စေ ဖုန်းကင်မရာနဲ့ ချက်ချင်းရိုက် တဲ့ ပုံတွေကိုဖြစ်စေ မိမိစိတ်တိုင်းကျ စာတွေ ၊ Sticker တွေ ၊ Emoji တွေနဲ့ အလှဆင်ပြီး Photo Message အနေနဲ့ ပို့လို့ရပြီဖြစ်ပါတယ် ။ ပုံပေါ်မှာ လက်ချောင်းနဲ့ စိတ်ကြိုက် Drawing ဆွဲလို့လည်းရပါသေးတယ် ။ ဒါတင်မကသေးပါဘူး Selfie ရိုက်ပြီး ပို့တတ်သူတွေအတွက် အမှောင်ထဲမှာတောင် ရိုက်လို့ရစေမယ့် front-facing flash ပါဝင်လာတဲ့အပြင် App ထဲမှာ Video ရိုက်တဲ့အခါ ရှေ့ကင်မရာနဲ့ နောက်ကင်မရာကို Switch လုပ်နိုင်ပြီး Zoom လည်းပြုလုပ်နိုင်ပြီဖြစ်ပါတယ် ။
ဒီ Feature တွေက Snapchat နဲ့ အခြားသော camera-heavy app တွေကို သုံးတဲ့သူတွေ အတွက်တော့ ရင်းနှီးပြီးသားဖြစ်ပေမယ့် Whatsapp User တွေအတွက်တော့ အသစ်ဖြစ်တဲ့အတွက် သတင်းကောင်း တစ်ခုလို့ပြောရမှာဖြစ်ပါတယ် ။ ဒီ ကင်မရာ Feature အသစ်တွေကို လက်ရှိမှာတော့ Android အတွက်သာထွက်ရှိသေးတဲ့အတွက် iPhone User တွေကတော့ update ကိုစောင့်ဖို့ အနည်းငယ်စိတ်ရှည်ရဦးမှာဖြစ်ပါတယ် ။

#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes