Monday, October 10, 2016

Xiaomi CEO မှ Mi Note 2 ဖုန်းမှာ မထင်မှတ်တာတစ်ခု ပါဝင်လာမယ်လို့ပြောကြား



Xiaomi CEO မှ နောက်ထပ်ထပ်မံထွက်ရှိလာမဲ့ သူတို့ရဲ့ model အသစ်
Mi Note 2 မှာမထင်မှတ်ထားတဲ့ အရာတစ်ခုပါဝင်လာမယ်လို့ ပြောကြားထားပါတယ်။
Mi Note 2 ဟာ ယခုလအတွင်းမှာတင် ထွက်ရှိမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာကတော့ Xiaomi CEO Lei Jun ကိုယ်တိုင်က ဒီင်္ဖုန်းအသစ်မှာ သုံးစွဲသူတွေ မထင်မှတ်ထားတဲ့ အံ့အားသင့်စရာတစ်ခု ပါဝင်လာမယ်လို့ ဖွင့်ဟလိုက်တာဖြစ်ပါတယ်။CEO Lei Jun ရဲ့ Weibo ပို့စ်တစ်ခုအရ Mi Note 2 ဖုန်းတွေကို လက်ရှိမှာ အလုံးရေအများအပြားထုတ်လုပ်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။ ကြိုတင်ပေါက်ကြားထားတဲ့သတင်းအချို့အရ Mi Note 2 ဖုန်းမှာ Galaxy S7 Edge အတိုင်း ၅.၅ လက်မအကျယ် ဘေးအစွန်းနှစ်ဖက်ကွေး AMOLED မျက်နှာပြင်၊ iPhone 7 Plus အတိုင်း ဖုန်းအပေါ်ထောင့်ဘက်မှာ ကျောကင်မရာနှစ်လုံး၊ RAM 6GB တို့ ပါဝင်ဖွယ်ရှိကြောင်း သိရှိထားရပါတယ်။
CEO Lei Jun ရဲ့ ‘မထင်မှတ်ထားတဲ့အရာတစ်ခု’ ဆိုတာကတော့ အထက်ပါအချက်အလက်တွေမဟုတ်နိုင်ဘဲ၊ ဈေးနှုန်းဖြစ်ဖို့များပါတယ်။ ရေစို/စိမ်ခံဖုန်းထုတ်ဖို့ကတော့ မရှိသေးဘူးလို့ CEO Lei Jun ကိုယ်တိုင်ပြောခဲ့ဖူးတာကြောင့် ရေစိုခံဖုန်းတော့ ဖြစ်ဖွယ်မရှိပါဘူး။ အကယ်၍သာ ဒေါ်လာ ၃၀၀ လောက်ဈေးနဲ့ ထွက်ရှိလာမယ်ဆိုပါက ဒီလိုပစ္စည်းကောင်းကောင်း၊ အရည်အသွေးကောင်းကောင်းဖုန်းတစ်လုံးအတွက်တော့ တကယ့်ကို တန်တဲ့ဈေးဖြစ်လာမှာပါ။
#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes