Monday, October 24, 2016

Samsung မျိုးဆက်တွေထဲမှာ RAM 6GB နဲ့ပထမဦးဆုံးထွက်ရှိလာမဲ့ Galaxy C9 Pro


Samsung မှသူတို့ရဲ့မျိုးစတ်သစ် တစ်မျိုးဖြစ်တဲ့ C9 Pro ကိုတရားဝင်
ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။ Samsung Galaxy C9 Pro မှာဆိုရင်
Samsung ရဲ့ ဘယ်ဖုန်းအမျိုးအစားမှာမှ မပါဝင်တဲ့ RAM 6GB ကို
ထည့်သွင်းအသုံးပြုထားပါတယ်။

RAM 6GB နဲ့ဖန်တီးထုတ်လုပ်လိုက်ပေမဲ့ ဒီဖုန်းဟာ Samsung ဖုနများထဲမှာ
အလယ်လတ်တန်းစား အဆင့်မျှသာရှိပါတယ်။  နိုဝင်ဘာ ၁၁ ရက်နေ့ကနေ စတင်ပြီး Samsung China store ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ကာ၊ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီလို့ သိရပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေခြောက်သိန်းဝန်းကျင်ရှိမှာပါ။ SIM နှစ်ကတ်ထိုးအသုံးပြုနိုင်တဲ့ Samsung Galaxy C9 Pro မှာ Android 6.0 Marshmallow စနစ် တပါတည်းပါဝင်မှာဖြစ်ပြီး၊ octa-core Snapdragon 653 SoC ကို အသုံးပြုထားပါတယ်။ Samsung ဖုန်းတွေထဲမှာ ပထမဆုံးဖုန်းအဖြစ် RAM 6GB အထိ ပါဝင်မှာဖြစ်ပြီး၊ ဖုန်းတွင်း storage ကတော့ 64GB ပါ။ microSD ကတ်လည်း 256GB အထိ ထပ်စိုက်နိုင်မှာဖြစ်ပါတယ်။

မျက်နှာပြင်အကျယ်က ၆ လက်မအထိရှိပြီး၊ full HD (1080×1920) AMOLED မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ ရှေ့ကင်မရာကော နောက်ကင်မရာပါ 16-megapixel ကင်မရာတွေဖြစ်ပါတယ်။
Galaxy ဖုန်းတွေထုံးစံအတိုင်း ဟုမ်းခလုတ်မှာ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ အားအမြန်သွင်းစနစ်သုံးနိုင်တဲ့ 4000mAh ဘက်ထရီနဲ့ဖြစ်ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းတွေမှာ မြင်တွေ့နေကျ USB Type-C နဲ့ NFC ချစ်ပ်တို့လည်း မပါမဖြစ် ပါဝင်မှာဖြစ်ပါတယ်။

#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes