Monday, September 26, 2016

MTK Device တွေကို Box မသုံးပဲ Deadboot ပြန်နိုးမယ်



MTK Device တွေကို Box သုံးစရာမလိုပဲ Deadboot ပြန်လည်နှိုးနိုင်မဲ့
နည်းလမ်းလေးဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကို software service လုပ်နေသူများ
သိထားသင့်တယ်လို့ ထင်ပါတယ်။ သိရှိလိုရင်တော့ ဆက်လက်လေ့လာရအောင်

MTK Device တော်တော်များများမှာ အဖြစ်များလေ့ရှိတဲ့
Display Error/ Deadboot Error/ Vibrate Error
များကို Box မသုံးပဲ ပြန်နိုးနည်း
Deadboot ပြန်နိုးနိုင်ဖို့အတွက် အရင်ဆုံး သိထားရမှာက CPU id ကြည့်တက်ရမယ်
CPU id ကြည့်တက်ရင် ဘာတွေလုပ်တက်မှာလဲ
=================================
CPU id ကြည့်တက်သွားရင် MTK ဖုန်းတွေ Deadboot Error/ Display Error/ Vibrate ဖြစ်မှာ မပူရတော့ဘူး ဒီနည်းမသိသေးရင်တော့ ငါဒီFirmware နဲ့အဆင်ပြေပါ့မလား Deadboot သွားရင် Display Error ဖြစ်ရင် ဒုက္ခပဲ ဆိုပြီး တွေးပူနေစရာမလိုတော့ဘူး အရမ်းကိုအဆင်ပြေမှာပါ တစ်ခါတစ်လေကြရင် ကျွန်တော် တင်ပေးလိုက်တာကတော့ 100% Test ဆိုပြီး သူများစမ်းတော့အဆင်မပြေဘူး ဆိုပြီး ကျွန်တော်ကို ပြောတဲ့အခါတွေ ကြုံရတယ် အဲဒါ Cpu id မကိုက်လို့ပါ Software Service သမားတိုင်းဒီနည်းလမ်းလေးတော့ အနည်းဆုံးသိထားရင်ပိုအဆင်ပြေပါတယ်ဗျ
Cpu id ကြည့်နည်း
=============
Cpu id ကြည့်ဖို့အတွက် Miracle Box ဒါမှမဟုတ် Box Crack တစ်ခုခုနဲ့ကြည့်နိုင်ပါတယ်
Miracle Eagle Eye V2.27A ဆိုရင်ပိုကောင်းပါတယ် Mobile Service သမားတော်တော်များများဒီSoftware ရှိလောက်ပါတယ် လင့်ချမပေးတော့ဘူး ကိုယ့်ဘာသာကိုရှာပါ
- Firmware မတင်ခင်မှာ id အရင်စစ်ကြည့်ပါ
- Miracle Eagle Eye မှာ MTK Menu ထဲဝင်ပါ Readinfo ထဲဝင်ပါ
- မိမိ Firmware တင်မည့် ဖုန်းကို power ပိတ်ကြိုးထိုးပါ
- CPU id ပေါ်လာပါလိမ့်မည်
- CPU id ကို notepad ဖြင့်သိမ်းထားပါ
- MTK Menu မှာ Write ကိုရွေးပါ မိမိတင်မည့် Firmware File ကိုခေါ်ပါ Cpu id ပေါ်လာပါလိမ့်မည်
- စောစောကသိပ်ထားတဲ့ notepad ထဲမှာသိမ်းထားတဲ့ Cpu id နဲ့ name တူရင် မည်သည့် Error မှာ မရှိနိုင်ပါဘူး စိတ်ချလက်ချတင်နိုင်ပါတယ်ဗျ
- Cpu id name မတူခဲ့လျင်တော့မတင်ပါနှင့် Deadboot error/ display error/ vibrate error/ နှင့် တစ်ခြား Error တွေဖြစ်နိုင်ပါတယ်ဗျ
Deadboot ဖြစ်ပြီး id name စစ်မရပဲ Error တွေတက်နေတယ် ဆိုရင်တော့ id name မတူတာရှာတင်ကြည့်ပါ id name ကွဲတာ သိပ်များများမရှိပါဘူး နှစ်ခု သုံးခုလောက်ပါပဲ။

refer - sithumobile



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes