Tuesday, September 13, 2016

Apple မှ ၁၈၉ ဒေါ်လာနဲ့ရောင်းချမဲ့ Original Apple Watch Sport





Apple အနေနဲ့သူတို့ရဲ့ iPhone 7 မိတ်ဆက်ပွဲမှာ Watch မျိုးဆက်သစ်တစ်ခုဖြစ်တဲ့
Apple Watch 2 ကိုပါမိတ်ဆက်မှု့ ပြုလုပ်ခဲ့ပါတယ်။ နောက်ထွက်လာတဲ့ မျိုးစိတ်သစ်
Apple Watch 2 ဟာအရင်ထွက်ရှိထားတဲ့ Apple Watch ကိုအခြေခံပြီးထုတ်လုပ်ထားကာ
processor ပိုင်းကိုတော့ အဆင့်မြှင့်တင်ထားတယ်လို့ သိရပါတယ်။ Watch Series 1 အနေနဲ့ မကြာခင်မှာ Apple Watch Store တွေမှာ နဂိုဈေးနှုန်း ဒေါ်လာ ၂၆၉ကနေ လျှော့ချသွားတော့မှာပါ။ ၃၈ မီလီမီတာ Original Apple Watch Sport ကို ဒေါ်လာ ၁၈၉ နဲ့ ရောင်းချသွားမှာ ဖြစ်တာကြောင့်ဒါဟာ တန်ဖိုးအနည်းဆုံးအဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
ဒီမော်ဒယ်အနေနဲ့ စထွက်တဲ့ဈေးနှုန်း ဒေါ်လာ ၃၄၉ကနေ ၂၉၉ဒေါ်လာအထိ လျှော့နည်းလာတာကနေတစ်ဆင့် လက်ရှိ ဒေါ်လာ ၁၈၉နဲ့ ရောင်းချမှာ ဖြစ်တာကြောင့် ဒေါ်လာ ၁၁၀အထိ ဈေးနှုန်းလျော့ကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ နာရီကိုသင့်အနေနဲ့  Gold, Rose Gold, Gray နဲ့ Silver ဆိုပြီး အရောင်လေးမျိုးရွေးချယ်နိုင်ပြီး လက်ပတ်အရောင်မှာတော့ White, Gray ဒါမှမဟုတ် Lavender Sport ဆိုပြီး သုံးမျိုးရရှိနိုင်မှာပါ။
ပိုမိုကြီးမားတဲ့ မျက်နှာပြင် ၄၂မီလီအရွယ် နာရီကတော့ ဒေါ်လာ ၃၄၉နဲ့ရောင်းချရာကနေ လက်ရှိမှာ ဈေးနှုန်းဒေါ်လာ ၂၁၉သာရှိတော့မှာဖြစ်ပါတယ်။ သူကတော့ အရောင်တွေကို Gold, Rose Gold, Gray နဲ့ Silver တို့အပြင် Gray, Black, Blue နဲ့ White Sport ဆိုပြီးလက်ပတ်အရောင်တွေကို ရွေးချယ်နိုင်ဦးမှာပါ။
#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes