Saturday, September 17, 2016

Huawei MTK ဖုန်းတွေမှာ ဖြစ်တတ်တဲ့ new:risk old:risk … new:safe old:risk … safe mode … ပေါ်တာကို ဖြေရှင်းတဲ့ နည်းလမ်းများ


Huawei MTK ဖုန်းတွေမှာ ဖြစ်တတ်တဲ့
new:risk old:risk … new:safe old:risk … safe mode …
ပေါ်တာကို ဖြေရှင်းတဲ့ နည်းလမ်းများ အကြောင်းပါ
G610-U00 တွေမှာ အဖြစ်များတတ်ပါတယ်
တခြား G730 Y511 တွေမှာလဲ ဖြစ်တတ်ကြပါတယ်
ဖြေရှင်းနည်းများကို မပြောခင်မှာ တခုလောက် ပြောချင်တာက
Hardware Solution ဆိုတာ ရာနှုန်းပြည့် မှန်ကန်ဖို့ မလွယ်ပါဘူး
Error တထပ်ထဲ တူနေတဲ့ ဖုန်းတွေကို Solution တခုထဲနဲ့ ဖြေရှင်းမပေးနိုင်ပါဘူး
ှSolution များစွာထဲက တခုခုနဲ့ အဆင်ပြေတတ်ပါတယ်
ကြုံလာတဲ့အခါ ထည့်သွင်းစဉ်းစားနိုင်အောင် ပြောပြတာပါ
………………………………………………………………………………
ဖုန်းကို ဖွင့်လိုက်ရင် Logo တက်မလာပဲ ဖုန်းရဲ့  ဘယ်ဘက်အောက်နားလောက်မှာ
new:risk old: risk ဆိုတဲ့ စာတန်း အဖြုလေး နှစ်ကြောင်းထဲ ပေါ်နေတတ်ပါတယ်
အဲဒီအခြေအနေမှာ recovery mode ခေါ်လို့ မရတာများပါတယ်
1. Download mode ဝင်ပြီး Dload နဲ့ဖန်းဝဲပြန်တင်ရင် တင်လို့ရတတ်တယ်
တခါတရံမှာ ပုံမှန်အတိုင်း ကောင်းသွားတတ်ပေမယ့် တခါတရံမှာလဲ
ပြန်တက်လာရင် ခုနက new:risk old:risk မှာပဲ ရပ်နေတတ်ပါတယ်
ဖိုင်အစုံ (full flash) ပါတဲ့ flash tools firmware နဲ့ ပြန်တင်လို့လဲ ရပါတယ်
အစ အဆုံး တင်လို့ ရသွားရင်တော့ ဖန်းဝဲ ပြန်တက် တတ်ပါတယ်
သေချာပေါက် ပြန်တက်မယ်လို့တော့ မပြောနိုင်ဘူးပေါ့ဗျာ
flash tools firmware ရှာဖို့ မလွယ်ဘူးဆိုရင်တော့ ဖုန်းအကောင်းတလုံးထဲကနေ
MTKDroidtools ကို သုံးပြီး firmware backup ပြန်ယူလို့ရပါတယ်
ဖုန်းထဲကို ကဒ်အမျိုးအစားကောင်းတဲ့ 2G အထက် ကဒ်တကဒ်ထည့်ပြီး
ဖိုင်အစုံ (user data နဲ့ cache) ရအောင် backup ထုတ်ပါ
အဲဒါတွေ မပါသေးရင် MTKDroidtools ကို version ပြောင်းစမ်းပါ
တကြိမ်နဲ့ ဖိုင်အစုံမရသေးရင် သုံးကြိမ်လောက်ထုတ်ပြီးမှ ပြန်ပေါင်းပေးပါ
ထုတ်နည်း အသေးစိတ်ကို ဒီထဲမှာ ဝင်ကြည့်လိုက်ပါခင်ဗျာ
http://pinoyscreencast.net/how-to/get-full-rom-dump-stock-rom-mt6572-mediatek-smartphones-using-spft-mtk-droid-root-tools/
2. Firmware ပိုင်း တင်လို့ မရရင်တော့ Hardware ပိုင်း စစ်ရပါတော့မယ်
ရေဝင်ထားတယ်ဆိုရင် သန့်ရှင်းရေးလုပ် အပူနဲနဲပေးပြီး ပြန်စမ်းကြည့်ပါ
USB အထိုင်ခေါင်း ကို စစ်ကြည့်ပါ ဖြစ်နိုင်ရင် အသစ်လဲစမ်းပါ
USB အထိုင်ကြောင့် Error ဖြစ်တာတွေ မကြာခဏ တွေ့ရတတ်ပါတယ်
တခါတလေလဲ vol down key လေး ဖြုတ်ဆေးပြီး ပြန်တတ်လိုက်တာနဲ့
လွယ်လွယ်ကူကူနဲ့ ကောင်းသွားတာလဲ ကြုံဖူးပါတယ်
3. Key လမ်းကြောင်း နဲ့ ခလုတ်များ ( power , vol up , vol down ) ကို စစ်ပါ
အဓိက vol down လမ်းကြောင်း ကို စစ်ပါ ခလုတ်နေရမှာ ဗို့ တိုင်းကြည့်ပါ
ပုံမှန်အတိုင်းဆိုရင် vol up နဲ့ vol down နှစ်ခုက ဗို့ ညီတတ်ပါတယ်
vol down မှာ ဗို့ လုံးဝ မရှိတာ နဲနေတာ မငြိမ်တာ (1V အောက်) ဆိုရင်တော့
vol down key အလုပ်မလုပ်နိုင်တော့ပါ အဲဒီအတွက် ဖြေရှင်းနည်းက အများကြီးပါ
4. new:risk old:risk ပေါ်ခြင်းရဲ့ အဓိကအကြောင်းရင်းက vol down ကြောင့်ပါ
vol down လမ်းကြောင်း ရှော့ကျနေတဲ့အခါ (အမြဲတမ်း နှိပ်ထားသလိုဖြစ်နေတဲ့အခါ)
power ခလုတ် နှိပ်လိုက်တိုင်း vol down ကိုပါ တွဲနှိပ်သလို ဖြစ်သွားပြီး
new:risk old:risk ဆိုတဲ့ fastboot mode ထဲ ရောက်သွားတတ်ပါတယ်
power + vol up ကို တွဲနှိပ်ပြီး recovery mode ကို ခေါ်တဲ့အခါ
vol down ကိုပါ တွဲနှိပ်သလိုဖြစ်ပြီး download mode ထဲ ရောက်သွားတတ်ပါတယ်
recovery ခေါ်လို့ မရတော့ဘူးဆိုရင် vol down ရှော့ လို့ အကြမ်းဖျင်း ပြောလို့ရပါတယ်
တခါတရံမှာတော့ ပုံမှန် ဖန်းဝဲတက်လာပြီးမှ screen ရဲ့ ဘယ်ဘက်အောက်ခြေမှာ
Safemode စာတန်းလဲ ပေါ်လာတတ်ပါတယ် အဲလိုပေါ်လာရင်
ဖုန်း စဖွင့်လို့ လိုဂို တက်လာချိန်မှာ vol down ကို ဖိထားပေးလိုက်ရင်
safemode စာတန်းပျောက်သွားပါတယ် ဖန်းဝဲ တက်လာချိန်မှာ vol down ခိုင်းမရ
battery ဖြုတ် ပြန်တတ်ပြီး ပုံမှန်အတိုင်း ပြန်နှိုးလိုက်ရင် safemode ပြန်ပေါ်လာတာပါပဲ
3. အဲဒါကြောင့် vol down လမ်းကြောင်းကို အသေးစိတ် စစ်ကြည့်ရပါမယ်
Vol down key မှာ ဗို့အား မတည်ငြိမ်တာ ( နဲလိုက် များလိုက်) ဆိုရင်
ဗို့အားပေးလမ်းကြောင်း (Power Supply) ကို စစ်ရပါမယ်
Battery ငုတ်အရင်းနားက ဒိုင်အုတ် (diode) နဲ့ ကွန်ဒင်ဆာ (condenser) များကို
အဓိက ထားပြီး စစ်ပေးပါ ဒိုင်အုတ်လေး ပွင့်နေရင် အသစ်လဲပေးပါ
ဗို့အားပေးလမ်းကြောင်းမှာ ဗို့အား မတည်မငြိမ်ဖြစ်ရင် key လမ်းကြောင်းများကို
အကျိုးသက်ရောက်စေတဲ့အတွက် ဗို့အားပေးပိုင်းတည်ငြိမ်ဖို့ လိုအပ်ပါတယ်
Vol down key လမ်းကြောင်းတလျှောက်က ဒိုင်အုတ် ကွန်ဒင်ဆာ နဲ့ ရီစစ္စတာ ကို စစ်ပါ
ဒိုင်အုတ် ရှော့ကျနေတတ်ပါတယ် ဖြုတ်ချ အသစ်လဲ လုပ်ပေးရပါမယ်
4. တကယ်လို့ အပေါ်နည်းလမ်းများအတိုင်း ဖြေရှင်းလို့ မရနိုင်သေးဘူးဆိုရင်
vol down key ကို ဗို့အားရောက်ရှိအောင် ဖန်တီးပေးလို့ ရပါတယ်
ဖုန်းဆားဗစ်လောက အခေါ် ဂျမ်ပါ (jumper) လုပ်ပေးရမှာပါ
1.8V လမ်းကြောင်းတခုရှာပြီး အဆင်ပြေရာ အုမ်းတန်ဖိုး (1K အထက်) ရီစစ္စတာတလုံးခံပြီး vol down ကို ဆက်ပေးလိုက်ပြီး ဗို့တိုင်းကြည့်ပါ
1.7V ဝန်းကျင်ရောက်ရင် အဆင်ပြေပါပြီ
ဘယ်နည်းလမ်းပဲဖြစ်ဖြစ် vol down key ကို ဗို့ရောက်အောင် ဖန်တီးနိုင်ရင် ရပါတယ်
vol down key အလုပ်လုပ်သွားရင် new:risk old:risk နဲ့ safemode error ကို
ကောင်းကောင်းကြီး ဖြေရှင်းနိုင်ပါပြီခင်ဗျာ
အဲဒါတွေ အကုန်လုံးက ကျွန်တော်ကိုယ်တိုင် တွေ့ကြုံထားတာတွေပါ
ဘယ်သူ့ထဲကမှ ကူးချ မှီငြမ်းထားတာ တခုမှ မပါပါဘူးခင်ဗျာ
တကယ်လို့ အကြောင်းအရာချင်း တူနေတယ်ဆိုရင်လဲ
တွေ့ရှိထားတာ အတူတူဖြစ်နေတယ်လို့ နားလည်ပေးပါ
ဆရာတွေ ပြောပြတဲ့ ဖြေရှင်းနည်းတွေက …
1. PM IC ကို ဖြုတ် ခဲလောင်း ပြန်တတ်ပါ တဲ့ vol down key ဗို့မရောက်တာ PM IC ကြောင့်ပါ တဲ့
2. CPU ကို ဖြုတ် ခဲလောင်း ပြန်တတ်ပါ တဲ့ vol down key က CPU က လာတာကြောင့်ပါ တဲ့
ကျွန်တော်တော့ တခါမှ မလုပ်ဖူးသေးပါ မလုပ်ဖူးသေးလို့ ရ မရ သေချာ မပြောတတ်ပါ
နောက်ထပ် ဖြေရှင်းနည်းတွေ တွေ့ထား သိထားရင်လဲ ပြောပြကြပါဦးခင်ဗျာ
Thanks & Credit to:ko Soe Myat Thu(Myanmar Mobile Phone Hardware Solution)


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes