Monday, September 12, 2016

Google Play Store ကနေအခမဲ့ရယူနိုင်တဲ့ Video Editor 5 မျိုး



Google Play Store ကနေအခမဲ့ရယူနိုင်ပြီး Video Editor ပြုလုပ်တဲ့နေရာမှာအကောင်းဆုံး
apk လေးတွေကိုတင်ပေးလိုက်ပါတယ်။ Android ဖုန်းတွေကနေအလွယ်တကူပြုလုပ်နိုင်တဲ့အပြင်
အသုံးပြုရတာလွယ်ကူပြီး apk လေးတွေဖြစ်တာကြောင့် ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ
အသုံးပြုနိုင်ပါတယ်။


Quick applicaton
...........................

Quik ဆိုတဲ့ app ဟာ နာမည်နဲ့ လိုက်အောင် ဗီဒီယို editing ကို မြန်မြန်ဆန်ဆန်လုပ်နိုင်တဲ့ app တစ်ခုဖြစ်ပြီး၊ ကိုယ်တိုင်တည်းဖြတ်နေစရာမလိုဘဲ အလိုအလျောက်လည်း ဗီဒီယိုတွေ ဖန်တီးပေးနိုင်ပါတယ်။
Quik မှာ ကိုယ်တည်းဖြတ်ချင်တဲ့ ဗီဒီယိုတစ်ခုကို ရွေးလိုက်တာနဲ့၊ ဗီဒီယိုနဲ့ လိုက်မယ့် scenes တွေ၊ transitions ကူးပြောင်းမှုပုံစံတွေ၊ အထူးပြုလုပ်ချက်တွေကို ရွေးပေးမှာဖြစ်ပြီး၊ အဓိကနေရာတွေမှာ ဇာတ်ဝင်တေးပါ ထည့်ပေးဦးမှာဖြစ်ပါတယ်။ ( အခမဲ့သီချင်းပုဒ်ရေ ၇၀ ကျော်ပါဝင်ပြီး၊ ဖုန်းထဲက ကိုယ့်သီချင်းတွေလည်း သုံးနိုင်ပါတယ်။)
အလိုအလျောက်မလုပ်ချင်လည်း ကိုယ့်စိတ်ကြိုက် တည်းဖြတ်လို့ရပါတယ်။ ဒါပေမယ့် Quik ရဲ့ အဓိကပါဝါက အလိုအလျောက်လုပ်ဆောင်နိုင်မှုဖြစ်တာကြောင့် အချိန်ကုန်ခံနေစရာမလိုဘဲ၊ ဗီဒီယိုကောင်းကောင်းတစ်ခု မြန်မြန်ဖန်တီးနိုင်မှာပါ။

PowerDirector application
.........................................
PC မှာ အကောင်းဆုံး video editor တွေထဲကတစ်ခုဖြစ်တဲ့ CyberLink ရဲ့ PowerDirector ကို Android မှာလည်း အခမဲ့ထုတ်ပေးထားပါတယ်။ PC ဗားရှင်းလောက် လုပ်ဆောင်ချက်မစုံပေမယ့်၊ တော်တော်များများ ပါဝင်ပြီး၊ အခမဲ့ဆိုတော့ သုံးရကျိုးနပ်မှာပါ။
User Interface ကလည်း ပရိုဖက်ရှင်နယ်ဆန်ဆန်ဆိုပေမယ့် အသုံးပြုရတာကလည်း အလွန်လွယ်ကူပြီး၊ ကိုယ်သုံးချင်တဲ့ ဗီဒီယို၊ effects စတာတွေကို drag & drop (ဆွဲသွင်း) လုပ်ရုံပါပဲ။ ဗီဒီယိုပုံတွေမှာ ဖောက်ထည့်တာ၊ နှစ်ခြမ်းပိုင်းတာ၊ ကာလာချိန်တာ၊ စလိုးမိုးရှင်းထည့်တာ၊ အသံမြှင့်တာ စတဲ့ လိုသမျှလုပ်ဆောင်ချက်တိုင်းလိုလို ပါဝင်ပြီး၊ edit ပြီးတာနဲ့ Facebook ပေါ် share နိုင်သလို၊ ဖုန်းထဲမှာလည်း save ထားနိုင်မှာပါ။
အခမဲ့ဗားရှင်းနဲ့ လုပ်ထားတဲ့ဗီဒီယိုတွေမှာတော့ ရေစာတံဆိပ်ပါဝင်နေမှာဖြစ်ပါတယ်။

Viva Video application
....................................
VivaVideo ကတော့ ဒီကလူငယ်တွေ တော်တော်များများ အသုံးပြုနေကြတဲ့ app ကောင်းတစ်ခုဖြစ်ပါတယ်။ Filter နဲ့ အထူးပြုလုပ်ချက်ပေါင်း ၂၀၀ ကျော်ပါဝင်ပြီး၊ ဗီဒီယိုအပိုင်းတစ်ခုနဲ့ တစ်ခုပေါင်းတာ၊ စတစ်ကာထည့်တာ စတဲ့လုပ်ဆောင်ချက်တွေ အစုံအလင်ပါရှိပါတယ်။
အသုံးပြုရတာကလည်း ရိုးစင်းလွယ်ကူမှုရှိပြီး၊ edit လုပ်ပြီးသွားရင် Facebook ၊ Youtube ၊ Instagram စတဲ့ ဆိုရှယ် app တွေပေါ် တန်းတင်နိုင်မှာဖြစ်ပါတယ်။
အခမဲ့ဗားရှင်းရဲ့ တစ်ခုမကောင်းတဲ့တစ်ချက်ကတော့ ဗီဒီယိုကို ငါးမိနစ်စာအထိပဲရပြီး၊ ဗီဒီယိုမှာ ရေစာလိုဂိုလည်း ပါဝင်နေမှာဖြစ်ပါတယ်။

Video Shop application
....................................
Videoshop ဆိုတဲ့ Android app ကလည်း editing ကောင်းကောင်းလုပ်လို့ရတဲ့ ဖုန်း app တစ်ခုဖြစ်ပြီး၊ ဗီဒီယိုတည်းဖြတ်မှုအတွေ့အကြုံရှိတဲ့ အသုံးပြုသူတွေလည်း အကြိုက်တွေ့မှာပါ။
အခြေခံတည်းဖြတ်မှုတွေအပြင်၊ အမိုက်စား filter တွေ၊ ဗီဒီယိုမြန်နှုန်းချိန်ညှိမှု၊ စာတန်းထိုးနိုင်မှု၊ နောက်ခံစကားပြောနဲ့ ဂီတသံစဉ်တွေ ထည့်သွင်းနိုင်မှု၊ ဟာသဗီဒီယိုတွေအတွက် ရယ်သံတွေ၊ ပေါက်ကွဲသံတွေ၊ လေလည်သံတွေ ထည့်သွင်းနိုင်မှု စတဲ့ ပျော်စရာအသံပြုလုပ်ချက်တွေလည်း ပါပါတယ်။
Google Play Store မှာ ကြယ်အဆင့် 4.4 ရထားတဲ့ အခမဲ့ video editing app တစ်ခုဖြစ်ပါတယ်။

Adobe Premiere Clip application
.................................................
Adobe ရဲ့ ဗီဒီယို editing app ဆိုတော့ မေးနေစရာတောင် မလိုတော့ပါဘူး။
Premiere Clip ကနေ ကာလာ၊ အလင်းအမှောင်၊ အသံပိုင်းဆိုင်ရာ tool တွေ၊ အသံနဲ့ ပုံရိပ်ကူးပြောင်းမှု ကိုက်ညီအောင် အလိုအလျောက်ချိန်ညှိနိုင်မှုစတဲ့ လုပ်ဆောင်ချက်တွေ တော်တော်စုံစုံလင်လင်ပါရှိပေမယ့်၊ တခြား app တွေလို ပုံဖြတ်တာ၊ အရွယ်အစားပြောင်းတာ၊ ပုံလှည့်တာ၊ မြန်နှုန်းချိန်တာစတဲ့ အသုံးလိုတဲ့ feature တစ်ချို့တော့ ကျန်နေခဲ့တာတွေ့ရပါတယ်။

#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes