Friday, September 30, 2016

ဆုမဲပေါင်းများစွာပါဝင်တဲ့ Ooredoo မြန်မာရဲ့ ရွှေအိမ်မက်အစီအစဉ်


အူရီဒူးမြန်မာမှ အူရီဒူးသုံးစွဲသူများအတွက် အူရီဒူးရဲ့ မိုဘိုင်း အင်တာနက်ကို အသုံးပြုပြီး ကျပ်သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ နေ့စဉ်၊ အပတ်စဉ် နဲ့ အထူးဆုကြီးများကို အခမဲ့ပါဝင်ကံစမ်းနိုင် မယ့် ရွှေအိပ်မက် ကံစမ်းမဲ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်တယ်လို့ သိရပါတယ် ။ရွှေအိမ်မက်အစီအစဉ်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်က စတင်ကာ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး အူရီဒူးရဲ့ မိုဘိုင်းဝန်ဆောင်မှုကို ကြိုတင်ငွေပေးချေစနစ်ဖြင့် 3G(သို့)4G ကွန်ရက် သုံးစွဲသူများအားလုံး အဆိုပါအစီအစဉ်မှာ ပါဝင်မှာဖြစ်ပါတယ် ။
 အစီအစဉ်ကာလအတွင်း  အင်တာနက် 20 MB အသုံးပြုလိုက်တိုင်း 3G သုံးစွဲသူများအတွက် ရမှတ်(၃) မှတ်နဲ့ 4G အသုံးပြုသူများအတွက် ရမှတ် (၄) မှတ်စီ ရရှိမှာဖြစ်ပါတယ် ။
နေ့စဉ်ဆုတွေကတော့ ငွေကျပ် ၂၅၀,၀၀၀၊  ဖုန်းဘီလ် ၁၅,၀၀၀ကျပ် ၊ 1.35 GB အင်တာနက်အစီအစဉ်၊ 2.5 GB  အင်တာနက်အစီအစဉ် နဲ့ 5.5 GB အင်တာနက်အစီအစဉ်တို့ဖြစ်ပြီး နေ့စဉ်ဆုအတွက် တစ်ရက်ကို ကံထူးဆုရှင် စုစုပေါင်း ၂၅ယောက် ရွေးချယ်ကာ ဆုတစ်မျိုးခြင်းအတွက် ကံထူးဆုရှင် (၅) ဦး ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ် ။
 အပတ်စဉ်ဆုအနေဖြင့် 4G အသုံးပြုနိုင်မည်ဖြစ်သော စမတ်ဖုန်းလက်ဆောင်ရရှိမှာဖြစ်ပြီး တစ်ပတ်စီအတွက် အပတ်စဉ်ကံထူးဆုရှင် (၅) ယောက်ရွေးချယ်သွားမှာဖြစ်ပါတယ် ။ အထူးဆုကြီးများအတွက်ကိုတော့ ကံထူးရှင် (၂) ယောက် ရွေးချယ်မှာဖြစ်ပြီး ပထမအထူးဆုကြီးအဖြစ် ငွေသားဆု ကျပ်သိန်း(၂၅၀) နဲ့ အခြားဆုကြီး အဖြစ် အူရီဒူးမြန်မာရဲ့ ၀န်ဆောင်မှုကို တစ်သက်တာသုံးစွဲခွင့် ရရှိမှု တို့ဖြစ်တယ်လို့သိရပါတယ် ။
997 သို့ ’Lucky’ ဟုရိုက်၍ SMS ပေးပို့ခြင်းဖြင့်ဖြစ်စေ၊ *997# ကို ဖုန်းခေါ်ဆို၍ဖြစ်စေ ရရှိထားသော ကံစမ်းမဲရမှတ် အရေအတွက်ကို အခမဲ့ စစ်ဆေးနိုင်မှာဖြစ်ပြီး  ကံထူးဆုရှင်များကို မြန်မာနိုင်ငံရှိ ထိပ်တန်းစာရင်းစစ်အဖွဲ့ဖြစ်တဲ့ Win Thin & Associates မှ စောင့်ကြည့်စိစစ်ကာ ရွေးချယ်အတည်ပြုပေးသွားမှာဖြစ်ပါတယ် ။ ရွေးချယ်ခံရတဲ့ ကံထူးဆုရှင်များကို အူရီဒူးမြန်မာရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်နဲ့ ဖေ့စ်ဘုတ်စာမျက်နှာတို့မှာ အချိန်နဲ့တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ် ။
#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes