Wednesday, September 7, 2016

Android ရဲ့ version 6.0 Nougat စနစ်ကိုသုံးထားတဲ့ ပထမဆုံးဖုန်းအဖြစ် ထွက်ရှိလာခဲ့တဲ့ LG V20



LG မှ သူတို့ရဲ့အသစ်ထပ်မံ ဖန်တီးခဲ့တဲ့ LG V20 ကို Android Nougat စနစ်ကိုသုံးထားတဲ့
ပထမဆုံးဖုန်းအဖြစ် နေရာယူကာထုတ်လုပ်လိုက်ပါပြီ။ ယနေ့မနက် ၉ နာရီက ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းမိတ်ဆက်ပွဲမှာ LG V10 ရဲ့ မျိုးဆက်သစ် LG V20 ကို မိတ်ဆက်ပြသခဲ့တာဖြစ်ပြီး၊ သုံးစွဲသူတွေ တကယ်အကြိုက်တွေ့မယ့် အမိုက်စားစွမ်းဆောင်ရည်တွေ ပါဝင်လာတာကို တွေ့ရပါတယ်။ ပထမဆုံးဒီဇိုင်းပိုင်းအနေနဲ့ ကြည့်မယ်ဆိုရင် လေယာဉ်ပျံနဲ့ လှေသင်္ဘောတွေ ဆောက်လုပ်ရာမှာ အသုံးပြုတဲ့ အလူမီနီယမ် AL6013 သတ္တုစပ်ကို အသုံးပြုထားပြီး၊ ကျစ်လျစ်သေသပ်တဲ့ ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ကျောကင်မရာက နှစ်လုံးဖြစ်ပြီး၊ LG ရဲ့ အမှတ်သညာဖြစ်တဲ့ ဒုတိယအပိုစခရင်တစ်ခုကလည်း မျက်နှာပြင်အပေါ်ဘက်မှာ ပါဝင်ပါတယ်။ ကင်မရာအောက်မှာတော့ လက်ဗွေရာဆန်ဆာပါဝင်ပြီး၊ ဒီဇိုင်းပိုင်းက အကျဉ်းချုံးကြည့်ရင် တော်တော်ကိုင်လို့ကောင်းမယ့်အနေအထားမှာ ရှိပါတယ်။ LG V20 ဟာ V10 တုန်းကလိုပဲ ၅.၇ လက်မအကျယ် IPS display နဲ့ဖြစ်ပြီး၊ Quad-HD resolution (2560x 1440 pixels) အထိရှိပါတယ်။ LG V20 ရဲ့ ထူးခြားချက်ကို ပြပါဆိုရင် ဒီဖုန်းဟာ Android Nougat နဲ့ ထွက်ရှိလာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းဖြစ်ပြီး၊ ချစ်ပ်ကလည်း Snapdragon 820 ၊ RAM 4GB ဆိုတော့ စွမ်းဆောင်ရည်ပိုင်းက ပြောစရာလိုမှာမဟုတ်ပါဘူး။ ဖုန်းတွင်းဒေတာသိမ်းဆည်းဖို့အတွက်လည်း 64GB ပါရှိပါတယ်။

ကျောကင်မရာမှာတော့ လေဆာနဲ့ PDAF focus စနစ်တို့ပါဝင်တဲ့ 16MP OIS ကင်မရာတစ်လုံးနဲ့၊ မြင်ကွင်းကျယ် 8MP ကင်မရာနှစ်လုံး စုစုပေါင်းနှစ်လုံးပါဝင်ပါတယ်။ ဒီ့အပြင် Qualcomm ရဲ့ EIS လို့ ခေါ်တဲ့ ဗီဒီယိုပုံရိပ်တည်ငြိမ်မှုနည်းပညာလည်း ပါဝင်တာကြောင့် လှုပ်ရှားနေတဲ့ပုံရိပ်တွေကို အကောင်းဆုံး ဗီဒီယိုရိုက်ကူးနိုင်မှာပါ။ ရှေ့ကင်မရာက 5MP ဖြစ်ပြီး၊ V10 ဖုန်းတုန်းကလိုပဲ မြင်ကွင်းကျယ် Selife ပုံတွေ ကောင်းကောင်းရိုက်နိုင်မှာပါ။ LG V20 ရဲ့ နောက်ထပ်မိုက်တဲ့တစ်ချက်ကတော့ အသံပိုင်းဆိုင်ရာကို အကောင်းမွန်ဆုံးပေးစွမ်းထားတာတွေ့ရပြီး၊ DAC analog ပရိုဆက်ဆာ၊၊ အသံအတိုးအချဲ့ ၇၅ ဆင့်၊ ဘယ်သံညာသံချိန်ညှိမှု စတဲ့ အသံပိုင်းဆိုင်ရာစနစ်တွေ ပါဝင်ပါတယ်။ ဒီ့အပြင် B&O Play နားကြပ်တွေလည်း တပါတည်းပါမှာဆိုတော့ လူငယ်တွေအကြိုက်တွေ့မှာ အသေအချာပါပဲ။ ဘက်ထရီအနေနဲ့ 3200mAh ဘက်ထရီပါဝင်ပြီး၊ QuickCharge 3.0 နဲ့ အားအမြန်သွင်းနိုင်မှာပါ။ တန်ဖိုးကြီးဖုန်းတွေအတိုင်း NFC ချစ်ပ်၊ USB Type-C တို့ ပါဝင်လာပါတယ်။ LG V20 မှာ Google ရဲ့ လက်ရှိနောက်ဆုံး Android စနစ် Android 7.0 Nougat ပါဝင်ပြီး၊ Nexus မဟုတ်တဲ့ ပထမဆုံး Android Nougat ဖုန်းဖြစ်ပါတယ်။ ဒီ့အပြင် Android Nougat တပါတည်းပါဝင်လာတဲ့ ကမ္ဘာ့ပထမဆုံးဖုန်းအဖြစ်လည်း မှတ်တမ်းဝင်မှာပါ။
LG V20 ကို တိုက်တေနီယမ်ရောင်၊ ပန်းရောင်၊ ငွေရောင် သုံးမျိုးရရှိမှာဖြစ်ကာ၊ ယခုလကုန်ပိုင်းလောက်မှာ စတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့ LG က ပြောကြားခဲ့ပါတယ်။ ဈေးနှုန်းကိုတော့ တရားဝင်ကြေငြာရခြင်း မရှိသေးပါဘူး။
#refer

Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes