Tuesday, September 6, 2016

အသစ်ထပ်မံထွက်ရှိလာတဲ့ ၆ လက်မမျက်နှာပြင်အကျယ်နဲ့ Meizu M3 Max



Meizu ရဲ့ ထုတ်လုပ်မှု့အရှိန်အဟုန်အောက်မှာ အသစ်ထပ်မံထွက်ပေါ်လာခဲ့ပြန်ပြီဖြစ်တဲ့
M3 Max. Meizu ဟာ M3E smart phone ထုတ်လုပ်လိုက်ပြီးမကြာခင်မှာပဲ M3 Max ကို
တရုတ်နိုင်ငံမှာ ထပ်မံမိတ်ဆက်လိုက်ပြန်ပါပြီ။ မျက်နှာပြင်ကြီးကြီးဖုန်းကြိုက်သူတွေအတွက် ၆ လက်မအကျယ် LCD မျက်နှာပြင်ပါရှိပြီး၊ ဘက်ထရီကလည်း မျက်နှာပြင်ကြီးကြီးနဲ့ လိုက်အောင် 4100mAh ဘက်ထရီအထိ ပါရှိလာပါတယ်။ ဈေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁၆၉၉ ( မြန်မာငွေသုံးသိန်းဝန်းကျင်) ရှိပြီး၊ Xiaomi ရဲ့ Mi Max ကို အဓိကထားယှဉ်ပြိုင်သွားမယ့်ဖုန်းလို့ ယူဆရပါတယ်။
Meizu M3 Max ဟာ နာနိုဆင်းမ်သုံး ဆင်းမ်နှစ်ကတ်ထိုးဖုန်းဖြစ်ပြီး၊ hybrid slot ( နှစ်မျိုးစပ်) နဲ့ဖြစ်တာကြောင့် SIM တစ်ကတ်နဲ့ microSD ကတ်တစ်ကတ် သုံးစွဲနိုင်မှာပါ။ MediaTek Helio P10 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ 1.8GHz octa-core Cortex-A54 CPU နဲ့ RAM 3GB တို့ ပါဝင်ပါတယ်။ Meizu M3 Max ရဲ့ အဓိကထူးခြားချက်ကတော့ ကြီးမားလှတဲ့မျက်နှာပြင်ဖြစ်ပြီး၊ resolution ကလည်း full-HD (1080×1920 pixels) ဆိုတော့ ကောင်းမွန်တဲ့ရုပ်ထွက်ကို ခံစားနိုင်မှာပါ။ ဖုန်းတွင်း storage အနေနဲ့ 64GB ပါရှိပြီး၊ microSD ကတ်က 128GB အထိ ထပ်စိုက်နိုင်မှာပါ။ ကင်မရာကတော့ တန်ဖိုးလတ်ဖုန်းတွေထုံးစံအတိုင်း ကျောကင်မရာ 13MP နဲ့ ရှေ့ကင်မရာ 5MP တို့ ဖြစ်ပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအပိုင်းအနေနဲ့ 4G ၊ 3G ၊ Wi-Fi ၊ Bluetooth တို့ ပါဝင်ပြီး၊ လက်ဗွေရာဆန်ဆာကတော့ အရှေ့ဘက်ဟုမ်းခလုတ်မှာ ဖြစ်ပါတယ်။
Meizu M3 Max ကို ရွှေရောင်၊ ပန်းရောင်၊ ခဲရောင်နဲ့ ငွေရောင်ဆိုပြီး ကာလာလေးမျိုးရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ကာ၊ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး တရုတ်နိုင်ငံတွင်းမှာ စတင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes