Thursday, September 8, 2016

Apple ဟာ iPad များကို Storage ပမာဏကိုမြှင့်တင်ပြီး ဈေးနှုန်းကိုလျှော့ချခဲ့



Apple ဟာသူတို့ရဲ့ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ iPhone 7 & 7 Plus တွေအပြင်
iPad တွေကိုပါထူးခြားတဲ့ လုပ်ဆောင်ချက်ကိုပြုလုပ်ခဲ့ပါတယ်။ ဘာတွေကိုပြောင်းလဲမှု့တွေ
ပြုလုပ်ပေးခဲ့လည်းဆိုရင်တော့ iPad အသီးသီးရဲ့ Storage ပါဝင်မှု့ပမာဏကို တိုးမြှင့်ခဲ့ပြီး
ဈေးနှုန်းများကိုတော့ လျှော့ချပေးခဲ့ပါတယ်။

Apple ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ 16GB မော်ဒယ်ကိုပဲ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ 32GB အထိ Storage ပမာဏကို အနည်းဆုံးမြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် iPad Pros တွေကိုလည်း ယခုအခါမှာ Storage ပမာဏ 256GB အထိ မြှင့်တင်ခဲ့ပြီး ယခင်ကထက်တော့ ဈေးနှုန်းပိုမိုလာမယ့် ဟန်ရှိပါတယ်။
နည်းနည်းပိုပြီး ရှုပ်ထွေးသွားစေနိုင်တာ တစ်ခုကတော့ ဈေးနှုန်းအတက်အကျဟာ မော်ဒယ်ပေါ်မူတည်နိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ iPad mini 2 ဟာ WiFi သို့မဟုတ် Cellular Mode ပေါ်မူတည်ပြီး ယခုအခါမှာ 32GB Storage ကို ဒေါ်လာ ၂၆၉ကနေ ဒေါ်လာ ၃၉၉ ထိရှိနိုင်တာ ဖြစ်ပါတယ်။ WiFi-only model နဲ့ iPad Air 2 နဲ့ iPad mini 4 တို့ဟာ 32GB Storage အတွက် ဈေးနှုန်း ဒေါ်လာ ၃၉၉ကနေ 128GB Storage အတွက် ဒေါ်လာ ၄၉၉အကြား ရှိနိုင်တာပါ။ ဒါပေမယ့် ဒါတွေဟာသင့်ရဲ့ Storage ပမာဏရွေးချယ်ပုံပေါ်မှာပဲ မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် iPad Pro တွေကတော့ Storage Option တိုင်းမှာ ဈေးနှုန်းကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ ၁၂.၉လက်မ မျက်နှာပြင်နဲ့ 256GB WiFi ဗားရှင်းကို ယခင်ဈေးနှုန်း ဒေါ်လာ ၁၀၉၉ကနေ ဒေါ်လာ ၉၉၉နဲ့ လျှော့ပြီး ရောင်းချတာဖြစ်ပါတယ်။ iPad တွေရဲ့ ဈေးနှုန်းပြောင်းလဲသွားပုံကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။
#refer



Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes