Monday, September 5, 2016

Nokia ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု့တွေကို အထောက်အကူပြုပေးမဲ့ Nokia Withings



Nokia ရဲ့အောင်မြင်မှု့တွေဟာ Android တွေထွက်လာပြီးနောက်ပိုင်းမှာ
ကျဆင်းခဲ့ရပါတယ်။ ဒီလိုအောင်မြင်မှု့တွေကို ပြန်လည်ရရှိနိုင်ဖို့ Nokia ဟာ
Wearable Tech တွေနဲ့ Luxury Porducts တွေဘက်ခြမ်းမှာ  ထက်မြက်တဲ့ နည်းပညာ၊ လူနေမှုဘ၀အတွက် ပိုပြီး အသုံးဝေမယ့် ထုတ်ကုန်တွေကို ပိုပြီး အားထည့် လုပ်ဆောင်လာတယ် လို့ သိရပါတယ်။

စက်တင်ဘာ ထဲမှာ ပြသခဲ့တဲ့ IFA 2016 မှာ Nokia Withings နာရီကို ပြသခဲ့ပြီး နိုကီယာရဲ့ ခေတ်မကုန်ဆုံးသေးဘူး ဆိုတာကို သတိပေးလိုက်သလိုရှိနေပါတယ်။  နည်းပညာပြပွဲကို လာရောက်သူတွေ သဘောကျခဲ့ကြတဲ့ ဒီနာရီ ဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် မိုဘိုင်းဖုန်း နဲ့ ချိတ်ဆက်ပြီး ကိုယ့်ရဲ့ သွေးခုန်နှုန်း နဲ့ အစားအသောက် ၊ အနေအထိုင် ကို စောင့်ရှောက်ကာကွယ်ပေးသွားမဲ့ Tracker တစ်ခု ဖြစ်ပါတယ်။ နာရီကိုယ်ထည် ကို စတီးစစ်စစ် ကိုယ်ထည်နဲ့တည်ဆောက်ထားပြီး လူငယ်၊ လူကြီး နှစ်ရွယ် စလုံး အကြိုက်တွေ့စေမဲ့ ဒီဇိုင်းသဏ္ဍာန်တည်ဆောက်ထားပါတယ်။  လက်ပတ်ကြိုး က ဆီလီကွန် အသားပါ။ အဲဒီအတွက် လက်မှာ ၀တ်ဆင်တဲ့အခါမှာ တင်းကျပ်တာ ၊ မတော်တရော်ဖြစ်တာ ၊ နာရီက လေးလံလွန်းလို့ စိတ်အနှောက်အယှက်ဖြစ်ရတာတွေကိုပါ ကင်းပသွားစေမယ် လို့ ဆိုပါတယ်။ မျက်နှာပြင်ကတော့ LED မျက်နှာပြင် ရှိပြီး ၀တ်ဆင်တဲ့လူ ရဲ့ နုလုံးခုန်နှုန်းကို ဖော်ပြထားတဲ့ ဒိုင်ခွက်ပါရှိပါမယ်။ ကယ်လိုရီတွက်ချက်မှု နဲ့ Step Counter လည်း ပါရှိပါတယ်။
နာရီကို iOS နဲ့ Android နှစ်မျိုး စလုံး နဲ့ ထုတ်လုပ်ထားပြီး ကိုယ့်ရဲ့မိုဘိုင်းဖုန်း နဲ့ ချိတ်ဆက်ပေးစေနိုင်မဲ့ App တစ်ခု ကို ထည့်သွင်းထားပါတယ်။ Nokia ဟာ သူရဲ့ နာရီကို Withings လို့ ခေါ်ဝေါ်သုံးစွဲခဲ့ရတဲ့ အကြောင်းကတော့ Withing limits လို့ တင်စားချင်တဲ့ ဆန္ဒရှိနေပြီး တကူးတက အချိန်ပေးစရာ မလိုဘဲ ကျန်းမာရေး လိုက်စားလိုသူတွေအတွက် နာရီကနေတဆင့် ကြည့်ရှုပြီး ကိုယ့်ရဲ့ ကျန်းမာရေး ကောင်းမွန်ဖို့ စနစ်တကျ ရေရှည်ထိန်းသိမ်း သွားစေလိုသူတွေအတွက် အကြိုက်တွေ့စေနိုင်ပါမယ်။
IFA မှာ Pre-Order တွေအတွက် တင်ကြိုပြသခဲ့ပြီး လာမယ့် အောက်တိုဘာ လဆန်းကနေစပြီး Nokia Withings ကို ဆိုဒ် နှစ်မျိုး နဲပ စတင် ရောင်းချသွားမယ် လို့ ကုမ္ပဏီ ရဲ့ စာမျက်နှာ မှာဖော်ပြထားပါတယ်။ နာရီဒိုင်ခွက်အချင်း ၃၆ မီလီမီတာ အတွက် ပေါင် (၁၇၀) နှုန်း နဲ့ (ဒိုင်ခွက် အချင်း ၄၀ မီလီမီတာ အတွက် ပေါင် ၁၈၀ နှုန်းထား) နဲ့ ကြမ်းခင်းဈေး စတင် ဖွင့်လှစ်ထားတယ် လို့ သိရှိရပါတယ်။

#refer

Today's Mobile Training & Service Center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes