Wednesday, September 14, 2016

Xiaomi ဖုန်းအချို့မှာ ဘက်ထ္ထရီပေါက်ကွဲမှု့များ ဖြစ်ပေါ်



Xiaomi ဖုန်းအချို့မှာ Samsung လိုပဲ ဘက်ထ္ထရီပေါက်ကွဲမှု့ တွေဖြစ်ပေါ်နေတယ်လို့
သတင်းများထွက်ပေါ်လာပါတယ်။ Xiaomi အနေနဲ့သူတို့ဖုန်းတွေရဲ့ပေါက်ကွဲမှု့ ဖြစ်ပေါ်ခြင်းကို
စုံစမ်းစစ်ဆေးမှု့တွေပြုလုပ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Note 7 ထက် ဘက်ထရီပိုကြီးတဲ့ 4850mAh ဘက်ထရီသုံး Xiaomi Mi Max ဖုန်းတစ်လုံးဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၅ ရက်နေ့မှာ Mi ချာဂျာနဲ့ပဲ အားသွင်းနေရင်း ပေါက်ကွဲမှုဖြစ်ပေါ်ကာ မီးစွဲလောင်ခဲ့ကြောင်း တိုင်ပေအခြေစိုက် Central News Agency (CNA) က ဖော်ပြခဲ့ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ ဒုတိယဖြစ်ရပ်တစ်ခုမှာတော့ တရုတ်နိုင်ငံသားတစ်ဦးဟာ ၎င်းရဲ့ Xiaomi Mi 4C ဖုန်းကို ဘောင်းဘီနောက်အိတ်ထဲမှာ ထည့်ထားတုန်း ဖုန်းကနေ မီးထစွဲလောင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် တင်ပါးနှစ်ခြမ်းလုံး မီးလောင်ဒဏ်ရာတွေရရှိခဲ့တဲ့ ဖုန်းပိုင်ရှင်က အဆိုပါ Mi 4C ဖုန်းကို Xiaomi တရားဝင်ဝက်ဘ်ဆိုဒ်ကနေ ဝယ်ယူထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Xiaomi ရဲ့ အဆိုအရတော့ ယခုမီးလောင်ကျွမ်းမှုဖြစ်ရပ်တွေဟာ မတော်တဆဖြစ်ရပ်သက်သက်သာဖြစ်ပြီး၊ နစ်နာသူတွေကို လျော်ကြေးပေးပြီးပြီလို့ သိရပါတယ်။ ဒါပေမယ့် ယခုဖြစ်ရပ်နှစ်ခုလုံးအပေါ် သေချာစုံစမ်းလေ့လာသွားမှာဖြစ်ပြီး၊ ၎င်းတို့ရဲ့စမတ်ဖုန်းအသစ်တွေမှာ ဘက်ထရီပြဿနာမရှိကြောင်း အဖြေပေါ်တဲ့အထိ ကြပ်မတ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes