Sony smart phone ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ထပ်မံထုတ်လုပ်လိုက်တဲ့ X-Compact
မျိုးဆက်သစ်ဖုန်းအား တစ်ကမ္ဘာလုံးကိုဖြန့်ဝေတော့မယ်လို့ IFA ပွဲမှာ ပြောကြားခဲ့ပါတယ်။
လတ်တလောအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အခြားဈေးကွက်တွေမှာဆိုရင်တော့
လာမဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာစတင်ရောင်းချသွားမှာဖြစ်ပြီး ဖုန်းကိုအမှာစာတွေအနေနဲ့
တော့ Amazon ကနေစတင်လက်ခံနေပြီ ဖြစ်တယ်လို့သိရပါတယ်။
ဟန်းဆက်အနေနဲ့ ဒေါ်လာ ၅၀၀ဆိုပြီး ဈေးနှုန်းသတ်မှတ်ထားတာဖြစ်ပြီး Amazon ကနေမှာယူရင်တော့ ဒေါ်လာ ၅၀ ဖိုးလက်ဆောင်တွေကို ထပ်မံပေးအပ်ဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၅၀၀ဆိုတာကြောင့် တော်သင့်တယ်ဆိုပေမယ့် တချို့တွေကတော့ ဖုန်းက ဈေးနှုန်းနဲ့တန်ရဲ့လားဆိုတာကို မေးခွန်းထုတ်ထားကြပါတယ်။ Xperia X Compact မှာ 720p ရှိတဲ့ ၄.၆လက်မမျက်နှာပြင်၊ Qualcomm Snapdragon 650 processor, 3 GB RAM နဲ့ 32 GB Storage တို့ပါဝင်ပါတယ်။ ကင်မရာကတော့ တော်တော်ကောင်းတယ်လို့ ပြောနိုင်ပြီး ဖုန်းအနည်းငယ်မှာသာ ရှိသေးတဲ့ 23 MP ကင်မရာကို တပ်ဆင်ထားတာပါ။ ရှေ့မျက်နှာကင်မရာကတော့ သာမန်သာဖြစ်ပြီး 5 MP ရှိပါတယ်။ ဘက်ထရီကတော့ 2700 mAh ရှိတယ်လို့ သိရပါတယ်။
လာမယ့် ၂၅ရက်နေ့မှာ စတင်တင်ပို့ရောင်းချမှာ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ကတော့ ဒီဈေးနှုန်းနဲ့ ယနေ့ခေတ် အလယ်အလတ်တန်းစား စမတ်ဖုန်းဈေးကွက်ကို ထိုးဖောက်ဖို့အတွက် Sony အနေနဲ့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ စောင့်ကြည့်ရမှာပါ။
#refer
Today's Mobile Training & Service center
2 comments:
Please send me address in English
Please send me address in English
Post a Comment