Wednesday, September 28, 2016

Samsung မှ Galaxy Note 7 ဖုန်းတွေရဲ့ ၆၀% ကိုသာ ပြန်လည်အစားထိုးပေးခဲ့ရကြောင်း သိရ


အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ရှိတဲ့ Galaxy Note 7 ဖုန်းတွေရဲ့ ရာခိုင်နှုန်း ၆၀ကိုသာ အသစ်ထွက်တဲ့ မော်ဒယ်နဲ့ ပြန်လည်လဲလှယ်ပေးခဲ့ရသေးတယ်လို့ Samsung ကဆိုပါတယ်။ တခြားပြောကြားချက်တစ်ခုမှာဆိုရင် အန္တရာယ်ရှိတဲ့ ဖုန်းတွေရဲ့ ၄၀ရာခိုင်နှုန်းဟာ သုံးစွဲသူတွေရဲ့ လက်ထဲမှာ ရှိနေတုန်းပဲဖြစ်ကြောင်း Samsung ရဲ့ ကမ္ဘာလုံးဆိုင်ရာ Note 7 ပြဿနာဖြစ်ပြီး လေးပတ်အကြာမှာ သိရပါတယ်။
Samsung ဟာ ပြီးခဲ့တဲ့  ကြာသပတေးနေ့တုန်းကလည်း ပေါက်ကွဲနိုင်တဲ့ ဖုန်းတွေရဲ့ တစ်ဝက်လောက်ကို အမေရိကန်ပြည်ထောင်စုထဲမှာ သိမ်းယူပြီး မော်ဒယ်အသစ်တွေနဲ့ လဲလှယ်ပေးခဲ့ပြီး ဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်။ ဒါပေမယ့် ဖုန်းမော်ဒယ်ပမာဏ ဘယ်လောက်ထိ သိမ်းယူပြီးခဲ့ပြီလဲ ဆိုတာကိုတော့ ပြောကြားနိုင်ခြင်းမရှိသေးပါဘူး။
Samsung အနေနဲ့ ဒီလိုလဲလှယ်ပေးတဲ့ အတွက်လည်း တောင်ကိုရီးယားနိုင်ငံမှာ နစ်နာကြေးအနေနဲ့ ဝမ် ၂၀,၀၀၀ (၁၈ဒေါ်လာ) ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအပြင် ထုတ်လုပ်ထားတဲ့ မော်ဒယ်အသစ် Note 7 ဖုန်းတွေကိုလည်း ပြသနာတွေ ထပ်မံကြုံတွေ့ခြင်းမရှိအောင် ဓာတ်မှန်နဲ့ စစ်ဆေးပြီးမှာ ထုတ်လုပ်ထားတယ်လို့ ပြောကြားထားခဲ့ပါသေးတယ်။

#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes