Monday, September 5, 2016

Google ရဲ့ Pixel ဖုန်းအသစ် အောက်တိုဘာလ ၄ရက်နေ့တွင် ထွက်ရှိမည်



Google မှ အသစ်ထပ်မံထုတ်လုပ်တော့မဲ့ Pixel model သစ်ကို
အောက်တိုဘာလ ၄ရက်နေ့မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။
Google ရဲ့ထုတ်လုပ်မှု့မှာ Nexus နံမည်နဲ့သာထုတ်လုပ်လာပေမဲ့ ခုထပ်မံထုတ်လုပ်မှု့မှာတော့
Pixel ဆိုတဲ့နံမည်ကိုအသုံးပြုပြီး ထုတ်လုပ်လာမှာဖြစ်ပါတယ်။

ခိုင်လုံတဲ့သတင်းရင်းမြစ်တွေအရ၊ Google ဟာ အောက်တိုဘာလ (၄) ရက်နေ့မှာ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲတစ်ခု ပြုလုပ်သွားဖို့ရှိပြီး၊ အဆိုပါပွဲမှာ Pixel နဲ့ Pixel XL ဖုန်းမော်ဒယ်အသစ်နှစ်မျိုးအပြင်၊ 4K Chomecast ၊ အသံထိန်းချုပ်ကြိုးမဲ့စပီကာ Google Home နဲ့ Daydream VR စက်တွေကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ Google ရဲ့ အမှတ်တံဆိပ်အသစ်ဖြစ်တဲ့ Pixel နဲ့ Pixel XL ဖုန်းတွေကို HTC က တာဝန်ယူထုတ်လုပ်ပေးထားတာဖြစ်ပြီး၊ အရင်က Marlin နဲ့ Salifish ဆိုပြီး ကုဒ်နံမည်ပေးထားတဲ့ ဖုန်းတွေဖြစ်ပါတယ်။
Pixel ဖုန်းဟာ မျက်နှာပြင်အကျယ် ၅ လက်မရှိပြီး၊ Pixel XL ကတော့ ၅.၅ လက်မအထိ ရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ 32 GB Pixel က ၄၄၉ ဒေါ်လာရှိပြီး၊ 32GB Pixel XL က ၅၉၉ ဒေါ်လာလောက် ရှိမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ ယခုထိမသိရသေးပါဘူး။ Google အနေနဲ့ ယခုပွဲကို ဘယ်နေရာမှာကျင်းပမယ်ဆိုတာ အသေအချာမသိရသေးပေမယ့်၊ Google ရဲ့ ပုံမှန်ပွဲလုပ်နေကျနေရာတွေဖြစ်တဲ့ ဆန်ဖရန်စစ္စကို နဲ့ နယူးယော့ခ်မြို့တွေမှာပဲ ကျင်းပဖွယ်ရှိပါတယ်။


Today's Mobile Training & Service Center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes