Sunday, September 18, 2016

အမေရိကန်သားတစ်ဦးမှ Samsung အား တရားစွဲဆို



Galaxy Note 7 ထုတ်လုပ်ပြီးအမျိုးမျိုးသော ပြသနာတွေကိုရင်ဆိုင်နေရတဲ့ Samsuung ဟာ
အခုလည်း အမေရိကန်သားတစ်ဦးရဲ့ တရားစွဲဆိုထားခြင်းကိုခံရပြန်ပြီလို့ သိထားရပါတယ်။
အမေရိကန်ပြည်ထောင်စုထဲမှာ Samsung Galaxy Note 7 တွေကိုအသုံးမပြုရန်
တားမြစ်စာထုတ်ခဲ့ပြီးနောက်ပိုင်းမှာ အမေရိကန်သားတစ်ဦးရဲ့ Note 7 ဖုန်းဟာ အိတ်ထဲထည့်ထား
ရာမှ ရုတ်တရက်မီးလောင်မှု့ဖြစ်ပွားခဲ့တဲ့အတွက် ထိုအမေရိကန်သားမှ Samsung အားတရားစွဲဆို
ထားကြောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

Jonathan Strobel လို့ခေါ်တဲ့ အဆိုပါ ဖလော်ရီဒါပြည်နယ်သားဟာ Galaxy Note 7 နဲ့ပါတ်သက်လို့  တောင်ကိုရီးယားကုမ္ပဏီကို တရားစွဲတဲ့ ပထမဆုံး အမေရိကန်နိုင်ငံသားလည်း ဖြစ်လာခဲ့ပါတယ်။ ဒါဟာဆိုရင် အမေရိကန်ပြည်ထောင်စုထဲမှာ Note 7 ဖုန်းတွေကို ပြန်လည်သိမ်းယူရာမှာ အလုံးရေတစ်သန်းပြည့်ပြီး တစ်ရက်အကြာမှာ ထွက်ပေါ်လာခဲ့တာပါ။
Samsung အနေနဲ့ US မှာ ဘက်ထရီ အပူလွန်တဲ့ ပြဿနာကြောင့် ဖြစ်ပွားခဲ့တဲ့ လုံးဝလောင်းကျွမ်းသွားမှု ၂၆မှု၊ သာမန်ထိခိုက်မှု ၅၅မှု အပါအဝင် တိုင်ကြားမှုပေါင်း ၉၂ခုကို ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ကုမ္ပဏီက ဒီတရားစွဲဆိုမှုနဲ့ ပါတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ ပြောကြားခဲ့ခြင်းတော့ မရှိပါဘူး။ တရားစွဲဆိုမှုဟာ သူ့ရဲ့ထိခိုက်နစ်နာမှု၊ ကုန်ကျစရိတ်၊ နာကျင်စေမှုနဲ့ တခြားတရားမဝင် ဒဏ်ဖြစ်စေမှုတွေကြောင့်ဖြစ်ပြီး ဒီအမှုကို ဖလော်ရီဒါပြည်နယ်တရားရုံးက လက်ခံထားတယ်လို့ သိရပါတယ်။


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes