Monday, September 5, 2016

Galxy A9 Pro SM-A910F ကို Root ပြုလုပ်နည်း



Samsung Galaxy A9 Pro ကို Root ပြုလုပ်နိုင်မဲ့နည်းလမ်းလေးကို
တင်ပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက အန္တရယ်လည်းကင်းပါတယ်။
custom recovery သွင်းပြီး Root ပြုလုပ်တဲ့နည်းပါ။ ဆက်ပြီးလေ့လာကြည့်ရအောင်

အရင်ဆုံး Root ပြုလုပ်တဲ့နေရာမှာ အသုံးလိုတဲ့ဖိုင်တွေကိုရယူပါ။

----- Download TWRP recovery -----

----- Download SuperSU zip -----

----- Download Odin latest version -----


Step by Step Root Tutorial
++++++++++++++++++

ရလာတဲ့ဖိုင်တွေထဲက အရင်ဆုံး Odin ကိုဖွင့်လိုက်ပါ။ Odin ကိုဖွင့်ပြီး AP ဆိုတဲ့နေရာကို
Click ပါ။ Box တစ်ခုတက်လာရင် download ရယူထားတဲ့ TWRP ဖိုင်ကိုရွေးချယ်ပေးလိုက်ပါ။
ပြီးနောက်ဖုန်းကို Download mode သွင်းပေးရပါမယ်။ Download mode ကိုအောက်ကနည်းအတိုင်း
ဝင်လိုက်ပါ။

Home Key + Power Key + Volume Down Key
after - Volume Up Key Click

ဒါဆိုရင် Download mode ကိုရောက်ရှိပါပြီ။ ဖုန်းကို USB ကြိုးထိုးပြီး Odin နဲ့ချိတ်ဆက်ပေးပါ။
Odin မှာဖုန်းကိုသိတဲ့ပုံပြပြီဆိုရင် odin က Start button ကိုနှိပ်ပေးလိုက်ပါ။ Odin မှာအလုပ်လုပ်
စလုပ်သွားပါမယ်။ Odin မှာအလုပ်လုပ်တာပြီးစီးသွားလို့ PASS ဆိုပြီးပြပါမယ်။
ဒါဆိုရင်တော့ TWRP သွင်းတာအောင်မြင်ပါပြီ။ ဖုန်းမှာ Reboot ကျသွားပါမယ်။

ထို့နောက် SuperSU zip ကို internal memory ဒါမှမဟုတ် SD Card ထဲကိုထည့်လိုက်ပါ။
ပြီးနောက်ဖုန်းကို Recovery mode သွင်းလိုက်ပါ။ Recovery mode ကိုအောက်ကနည်းအတိုင်း
ဝင်လိုက်ပါ။

Home Key + Power Key + Volume Up Key

Recovery mode ရောက်ပြီဆိုရင် install from sd card ဆိုတာကိုရွေးပေးပါ။
ပြီးရင်တော့ SuperSU zip ကိုရွေးချယ်ပြီး install ပြုလုပ်ပေးလိုက်ပါ။
install လုပ်တာပြီးစီးရင်တော့ ဖုန်းကို Reboot system now ဆိုတာကိုရွေးပေးပြီး
reboot ချပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်း Root ပြုလုပ်ခြင်းအောင်မြင်ပါပြီ။




Todays Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes