Saturday, September 24, 2016

LeEco မှ RAM 6GB နဲ့ 3.5 မီလီမီတာမပါဝင်တော့တဲ့ model သစ်ကိုမိတ်ဆက်


တရုတ်စမတ်ဖုန်းကုမ္ပဏီ LeEco ဟာ ခန့်မှန်းထားတဲ့အတိုင်း စမတ်ဖုန်းမော်ဒယ်သစ်တစ်မျိုးကို စက်တင်ဘာလ ၂၁ ရက်နေ့က တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားခဲ့ပါတယ်။ LeEco Le Pro 3 ဖုန်းရဲ့ အဓိကထူးခြားချက်တစ်ခုကတော့ အရင် LeEco အဓိကမော်ဒယ်ဖုန်းတွေကလိုပဲ သာမန် 3.5mm နားကြပ်ပေါက်အစား၊ USB Type-C နားကြပ်ပေါက်ကိုပဲ နားကြပ်ထိုးဖို့ အသုံးပြုထားတာဖြစ်ပါတယ်။ အရင်နားကြပ်ဟောင်းပိုင်ရှင်တွေအတွက် adapter တစ်ခုလည်း ဗူးထဲမှာပါလာမှာပါ။ အသံပိုင်းဆိုင်ရာအတွက် ကုမ္ပဏီရဲ့ USB Type-C စနစ်သုံး CDLA ဒီဂျစ်တယ်အသံစနစ်ကို အသုံးပြုထားပြီး၊ အရည်အသွေးမြင့်အသံစနစ်ပေးစွမ်းမယ့် Dolby Atmos စနစ်လည်း ပါဝင်တာကြောင့် အသံအရည်အသွေးကတော့ အကောင်းမွန်ဆုံးခံစားနိုင်မှာပါ။LeEco Le Pro 3 လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို လာမယ့်အပတ်ထဲ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ RAM နဲ့ storage မတူ မော်ဒယ်ကွဲလေးမျိုး ထွက်ရှိလာမှာပါ။
LeEco Le Pro 3 ကို မော်ဒယ်ကွဲလေးမျိုးရရှိမှာဖြစ်ပြီး၊ RAM 4GB နဲ့ ဖုန်းတွင်း storage 32GB ပါမော်ဒယ်က မြန်မာငွေ သုံးသိန်းနှစ်သောင်းဝန်းကျင်၊ RAM 6GB နဲ့ 64 GB မော်ဒယ်က မြန်မာငွေ သုံးသိန်းရှစ်သောင်းဝန်းကျင်ခန့် ရှိပါတယ်။ တရုတ်နာမည်ကြီးဒါရိုက်တာ Zhang Yimou ကို ဂုဏ်ပြုထုတ်လုပ်ထားတဲ့ အထူးထုတ်မော်ဒယ်နှစ်မျိုးလည်း ထွက်ရှိလာပြီး၊ RAM 4GB နဲ့ 64GB ပါ Zhang Yimou Edition မော်ဒယ်က မြန်မာငွေ လေးသိန်းခြောက်သောင်းကျော်ရှိကာ၊ RAM6GB ပါ Zhang Yimou Edition အလုံးက မြန်မာငွေ ငါးသိန်းငါးသောင်းခန့်ရှိမှာဖြစ်ပါတယ်။
ယခုမော်ဒယ်အကုန်လုံးမှာ microSD ကတ်တော့ ထပ်စိုက်လို့ရမှာမဟုတ်ဘဲ၊ ကျောဘက်မှာတော့ လက်ဗွေရာဆန်ဆာပါဝင်ပါတယ်။ Android 6.0 Marshmallow စနစ်အခြေခံ EUI 5.8 စနစ်နဲ့ ဖြစ်ကာ၊ မျက်နှာပြင်အကျယ်က ၅.၅ လက်မ full-HD display ၊ Snapdragon 821 SoC တို့နဲ့ ဖြစ်ပါတယ်။ ဈေးကွက်တွင်းမှာ Snapdragon 821 SoC သုံး အစောဆုံးဖုန်းတစ်လုံးလည်းဖြစ်ပြီး၊ ကျောကင်မရာကတော့ 16MP နဲ့ ရှေ့ကင်မရာက 8MP တို့ ဖြစ်ပါတယ်။

#refer


Today's Mobile Training & Service center

0 comments:

Post a Comment

.

.

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | coupon codes