Android device များမှာ user တွေအနေနဲ့တစ်ခါတစ်လေမှာ Root ပြုလုပ်ပြီးသုံးကြတဲ့အခါမှာ
ဘာတွေဖြစ်နိုင်သလဲဆိုတာကို သိတဲ့သူအနည်းငယ်သာရှိမယ်လို့ ထင်ပါတယ်။
ဒါကြောင့် Root ပြုလုပ်ပြီးအသုံးပြုခြင်းဖြင့် ဖြစ်ပေါ်နိုင်တာလေးကို ဗဟုသုရနိုင်ရန်မျှဝေပေးလိုက်ပါတယ်။
Android device တွေကို Root ပြုလုပ်ပြီးဘာလို့အသုံးပြုကြသလဲဆိုရင်တော့
ကျတော်တို့မြန်မာနိုင်ငံမှာဆိုရင် အရင်ဆုံးသိထားကြတာကတော့ မြန်မာစာကိုအဆင်ပြေပြေ
ထည့်သွင်းအသုံးပြုနိုင်ရန်အတွက်ပါပဲ။ ဒါမှသာ Android ဖုန်းတစ်လုံးရဲ့ system ပိုင်းကို
Root permission နဲ့ ဝင်ရောက်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ တကယ်တော့ Root ပြုလုပ်တယ်ဆိုတာဟာ
Android ဖုန်းထုတ်လုပ်လိုက်တဲ့ ကုမ္ပဏီမှသူတို့ရဲ့ ဖုန်းအပေါ်မှာချမှတ်ထားတဲ့ စည်းကမ်းတွေကို
user တွေအနေနဲ့ချိုးဖောက်လိုက်တာပါပဲ။ ဒီလိုချိုးဖောက်လိုက်ခြင်းကြောင့် user တွေအနေနဲ့
ကောင်းကြိုး ဆိုးကြိုးလေးတွေဆိုတာရှိလာပါတယ်။
ဘာတွေကောင်းကြိုးတွေရလဲဆိုရင်တော့ ကျတော်တို့မြန်မာစာကို အဆင်ပြေပြေထည့်သွင်းအသုံးပြုလာ
နိုင်တယ်။ နောက်ပြီး root permission ရှိမှအသုံးပြုနိုင်မဲ့ apk တွေကိုအသုံးပြုလာနိုင်မယ်။
ဒါ့အပြင်အချို့ဖုန်းတွေမှာဆိုရင် ဖုန်းရဲ့စစဖွင့်ဖွင့်ခြင်း တက်လာတဲ့နေရာမှာ Logo , Song စတာတွေကို
ပြင်ဆင်နိုင်မယ်။ ဒါ့အပြင် game တို့ software တို့မှာ ခိုးတာတို့ crack တာတို့ကိုပြုလုပ်နိုင်မယ်။
စသဖြင့် Root permission နဲ့ပတ်သတ်သမျှ အသုံးပြုနိုင်တာတွေကို user တွေအနေနဲ့ရရှိလာနိုင်ပါမယ်။
ဒါဆိုရင်ဘာတွေအတွက် ဆိုးကြိုးဖြစ်နိုင်လဲဆိုရင်တော့ Android ဖုန်းတစ်လုံးကို Root ပြုလုပ်လိုက်ခြင်း
ဖြင့် ဖုန်းရဲ့ Security ပိုင်းကိုချိုးဖောက်ရာရောက်တာကြောင့် အရင်ဆုံးရရှိမဲ့ရလဒ်က ကုမ္ပဏီမှပေးထားတဲ့
Warranty ကိုဆုံးရှူံးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Android ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီမှ online ကနေ update
ပေးတဲ့အခါမှာ Rooted device တွေအနေနဲ့ update version ကို download ရယူလို့အဆင်ပြေပေမဲ့
install ပြုလုပ်တဲ့အခါကျရင်တော့ install ပေးမလုပ်တော့တာကို ကြုံတွေ့ရမှာဖြစ်ပါတယ်။
ဒါ့အပြင်အချို့ Root ရမှအသုံးပြုနိုင်မဲ့ software တွေကိုအသုံးပြုတဲ့အခါမှာ ဖုန်းနဲ့ကိုက်ညီမှု့မရှိတဲ့
software မျိုးတွေကိုသုံးမိပါက ဖုန်းတစ်လုံးလုံးရဲ့ software ( firmware ) ကိုသွားရောက်ထိခိုက်စေပြီး
firmware ပြန်တင်ရတဲ့အခြေအနေထိကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Android user တွေအနေနဲ့ Root ပြုလုပ်ခြင်းဖြင့်ဘာတွေဖြစ်လာနိုင်လဲဆိုတာကို
သိရှိသွားပြီဆိုတော့ ကိုယ့်ဖုန်းကို Root ပြုလုပ်ပြီးသုံးဖို့အဆင်ပြေလား အဆင်မပြေလားဆိုတာကိုတော့
ကိုယ်ပိုင်စိတ်ကူးလေးတွေနဲ့ ကြံဆကာအသုံးပြုနိုင်ကြစေရန် ရေးသားပေးလိုက်ရပါတယ်။
Today's Mobile Training & Service center
0 comments:
Post a Comment